လင်းအိမ်ငယ်ရဲ့အဇ္ဈတ္တအလွန် ပန်းချီပြပွဲ ကျင်းပမည်

 

မန္တလေး    ဇန်နဝါရီ    ၁၀ 


ပန်းချီစိုးမောင် (အမရပူရ) ၏ လင်းအိမ်ငယ်ရဲ့ အဇ္ဈတ္တအလွန် အမည်ရ   ပထမအကြိမ်   တစ်ကိုယ်တော်    ပန်းချီပြပွဲကို ဇန်နဝါရီ ၁၁ ရက်မှ ၁၃ ရက်အထိ  အောင်မြေသာစံ မန္တလေး တောင် ပန်းချီပြခန်း၌ ကျင်းပမည်ဖြစ်သည်။

 


ပန်းချီကားများကို ဘဝ၊  ဒဿန၊ရသ  အလှတရား ၊ နှလုံးသားနှင့် ကြိုးစားရေးဖွဲ့ တင်ပြထားသည်ဟု ပန်းချီဆရာ က ပြောသည်။ ပြပွဲကို နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ  ပြသမည်ဖြစ်ရာ  မည်သူမဆိုလာရောက် ကြည့်ရှု လေ့လာနိုင်ရန် ဖိတ်ခေါ်ထားသည်။  

ခင်ခင်ဝင်း(ပညာရေး)