ရေတာရှည်မြို့နယ်၌ အရက်သေစာအတူသောက်စားပြီး စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

 

နေပြည်တော်   ဇန်နဝါရီ   ၁၀


ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၌ ဇန်နဝါရီ ၇ ရက်က အရက် သေစာ   အတူသောက်စားပြီး   စကားများရန်ဖြစ်ရာမှ   လူသတ်မှု ဖြစ်ပွားသည်။

 


ဖြစ်စဉ်မှာ ဇန်နဝါရီ ၇ ရက် ည ၈ နာရီခန့်က ရေတာရှည်မြို့နယ် (၄၇)မိုင်ကျေးရွာနေ ဇော်မင်း(၂၂ နှစ်)သည် မြို့လှမြို့ သဲကောကျေးရွာနေ ချစ်မင်းကို(၂၃ နှစ်)နှင့်အတူ တောထဲ၌ ဝါးခုတ်ပြီး  အရက်သေစာအတူ သောက်စားကာ   စကားများရန်ဖြစ်ရာ   ချစ်မင်းကိုက  ဇော်မင်းအား ဝါးရင်းတုတ်ဖြင့် ရိုက်ခဲ့သောကြောင့် ဇော်မင်းတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားသဖြင့် အရေးယူပေးရန် တိုင်တန်းချက် အရ ချစ်မင်းကို အား သာဂရနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထား ကြောင်း သတင်းရရှိသည်။                             

ရဲပြန်ကြား