အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများအတွက် ဆက်သွယ်မေးမြန်းနိုင်

 

နေပြည်တော်   ဇန်နဝါရီ   ၁၀


၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု      တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်   ဝတ္ထုတို၊   ဆောင်းပါး၊    ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊  ပိုစတာ၊  ကွန်ပျူတာပန်းချီပြိုင်ပွဲများ  ကျင်းပမည်ဖြစ်ပါသဖြင့်   ပြိုင်ပွဲဖိတ်ခေါ်စာအား နေ့စဉ်ထုတ်သတင်းစာများတွင် ထည့်သွင်းဖော်ပြ ထားပြီးဖြစ်သည်။

 


ပြိုင်ပွဲနှင့်ပတ်သက်၍ သိရှိလိုပါက  မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ စီမံကိန်း ဌာန၊ ဖုန်းအမှတ် ၀၆၇ ၃၄၀၁၇၄၈ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။        

သတင်းစဉ်