ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း၌ အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်မည့် PDF အကြမ်းဖက်အဖွဲ့ဝင်များ လက်နက်/ခဲယမ်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

 

နေပြည်တော် ဇန်နဝါရီ  ၇
နိုင်ငံတော်အစိုးရမှ အကြမ်းဖက် အုပ်စုအဖြစ်  ကြေညာထားသည့် NUG နှင့် CRPH တို့၏ ညွှန်ကြားမှု ဖြင့် PDF အမည်ခံ အကြမ်းဖက် သမားများသည် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် ရဟန်း သံဃာတော်များ၊ အစိုးရဝန်ထမ်း များနှင့်  တိုင်းရင်းသားပြည်သူ များအား    အကြမ်းဖက်ဖမ်းဆီး သတ်ဖြတ်ခြင်း၊      ဆက်ကြေး ကောက်ခံခြင်း၊ အစိုးရယန္တရားများ ပျက်ပြားစေရန်    ရည်ရွယ်၍ နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အများပြည်သူ သွားလာလျက်ရှိ သော  လမ်း၊     တံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း များကို    ဥပဒေမဲ့     ကျူးလွန် လုပ်ဆောင်လျက်ရှိသည်။
ဖမ်းဆီးရမိ
ထိုသို့   လုပ်ဆောင်လျက်ရှိ သဖြင့်   လုံခြုံရေးတပ်ဖွဲ့ဝင်များ က ရှာဖွေဖော်ထုတ်ဖမ်းဆီးရမိ ရေး  ကြိုးပမ်းဆောင်ရွက်လျက်ရှိ ရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသောလုပ်ရပ် နှင့် အကြမ်းဖက်မှုလုပ်ရပ်များကို မလိုလားသည့် ဒေသခံတိုင်းရင်း သားပြည်သူများ၏    လျှို့ဝှက် သတင်းပေးပို့တိုင်ကြားချက်အရ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် ညပိုင်းတွင် ရှမ်းပြည်နယ် (တောင် ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေး ဒေသအတွင်းသို့    အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်ရန် စီစဉ် လျက်ရှိသော  အကြမ်းဖက်အဖွဲ့ များအား  ကူညီဆောင်ရွက်ပေး လျက်ရှိသည့် ညောင်ရွှေမြို့နယ် အင်းတိန်ကျေးရွာ    အင်းတိန် ညောင်အုပ်      ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဥူးဇဝန (ခ) စိုးသန်းဝင်း အား  ဖမ်းဆီးရမိ ခဲ့သည်။
တရားခံ ဥူးဇဝန(ခ)စိုးသန်း ဝင်း၏ ထွက်ဆိုချက်အရ ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် ၎င်းနှင့် အတူ PDF အကြမ်းဖက်အဖွဲ့များ အား   ကူညီဆောင်ရွက်ပေးနေ သည့် သန်းဇော်ဌေး(ခ)သားငယ် အား ကလောမြို့နယ် ဟဲဟိုးမြို့ ညောင်ခါးရှည်  ကျေးရွာအနီး၌ လည်းကောင်း၊  ညနေပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) PDF အကြမ်းဖက်  အဖွဲ့ခေါင်းဆောင် ဇော်ဇော်အောင်(ခ)ဆရာကျောင်း နှင့် အကြမ်းဖက်အဖွဲ့ဝင် အိုက်ရွန် တို့   နှစ်ဦးကို   ကလောမြို့နယ် ဟဲဟိုးမြို့ ရပ်ကွက်(၅)ရှိ “နန္ဒဝန်” စားသောက်ဆိုင်၌      ပစ္စတို တစ်လက်၊  ကျည်အိမ်  တစ်ခု၊ ကျည်  အတောင့် ၅၀ ၊ လက်ပစ်ဗုံး နှစ်လုံး၊ စကားပြောစက် တစ်လုံး တို့ဖြင့်လည်းကောင်း  ဖမ်းဆီးရမိ ခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဇော်ဇော် အောင်  (ခ) ဆရာကျောင်း  ၏ ထွက်ဆိုချက်အရ ဒီဇင်ဘာ  ၃၁ ရက် ညနေပိုင်းတွင် PDF အကြမ်း ဖက်အဖွဲ့များအား လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏   လှုပ်ရှားသွားလာမှု သတင်းများ  ပေးပို့ခဲ့သော  တင် တင်ညို(ခ)မလေး ကို တောင်ကြီး မြို့  မင်္ဂလာဦးရပ်ကွက်  အမှတ် (၂၁၉/ခ)ရှိ နေအိမ်၌လည်းကောင်း၊ အကြမ်းဖက်အဖွဲ့များအား   ငွေ ကြေးနှင့် ထောက်ပံ့ရေးလုပ်ငန်း များတွင် ကူညီဆောင်ရွက်ပေးနေ သည့် မင်းမင်းဦး ကို  တောင်ကြီး မြို့  ညောင်ဖြူစခန်းရပ်ကွက်ရှိ အမှတ် (၅၉၁)  နေအိမ်၌လည်း ကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
နယ်မြေရှင်းလင်း
ဖမ်းဆီးရမိ တရားခံ ဇော်ဇော် အောင်   (ခ) ဆရာကျောင်း   ၏ ထွက်ဆိုချက်အရ  ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက် မွန်းလွဲပိုင်းတွင် လုံခြုံရေး    ပူးပေါင်းအဖွဲ့များဖြင့် ၎င်းတို့ အကြမ်းဖက်အဖွဲ့ဝင်များ ခိုအောင်းလျက်ရှိသည့် ညောင်ရွှေ မြို့နယ်လုံကန်ကျေးရွာ၊ တောင်တို ကျေးရွာ၊တောင်ခြားပြင်ကျေးရွာအနီးတစ်ဝိုက်သို့ နယ်မြေရှင်းလင်း ရေး ဆောင်ရွက်ခဲ့ရာ တောင်ခြား ပြင်ကျေးရွာအနီးရှိ   တောတွင်း အရောက်၌  PDF   အကြမ်းဖက် အဖွဲ့အင်အား ၂၀ ခန့်မှ လုံခြုံရေး အဖွဲ့များအား လက်နက်ငယ်များ ဖြင့်   စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် လုံခြုံရေးအဖွဲ့မှ ပြန်လည် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်အဖွဲ့များ သည် အနောက်ဘက်သို့ ဆုတ်ခွာ သွားခဲ့ကြောင်း၊ ဖြစ်စဉ်တွင် PDF အကြမ်းဖက်အဖွဲ့မှ  ခေါင်းဆောင် တစ်ဦးဖြစ်သူ တရားခံ ဖိုးခွား(ခ)အင်းဖိုးခွား အပါအဝင် အကြမ်း ဖက်သမား (စိစစ်ဆဲ)ကျား ငါးဦး ၏   အလောင်းများ၊   AK-47 သေနတ် တစ်လက်၊ M-4 သေနတ် တစ်လက်၊   MF-12   သေနတ် တစ်လက်၊ ကာဘိုင် တစ်လက်၊ လောင်ချာ  တစ်လက်၊ လက်လုပ် သေနတ် ခုနစ်လက်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ လက်ပစ်ဗုံး ၂၃ လုံး၊ နင်းမိုင်း ကိုးလုံး၊ ကျည်မျိုးစုံ ၂၄၁၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၂၅ ခု၊ Drone တစ်စင်း၊ စကားပြော စက် လေးလုံး၊ မြေပုံ ခုနစ်ရွက်၊ ပြောက်ကျားယူနီဖောင်း   ရှစ်စုံ၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ  ရှင်းလင်းသိမ်းဆည်းရ မိခဲ့သည်။
အကြမ်းဖက်များဖမ်းမိ
၎င်းနောက် လုံခြုံရေးပူးပေါင်း အဖွဲ့မှ   နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်စဉ်   ဇန်န ဝါရီ  ၄  ရက်  နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် ကံရွာကျေးရွာ အနီး၌ လုံခြုံရေးအဖွဲ့အား ပစ်ခတ် မှုတွင် ပါဝင်ခဲ့သည့် PDF အကြမ်း ဖက်အဖွဲ့ဝင်များဖြစ်သော တရား ခံ ဇော်မျိုးအောင်၊ ဇွဲညီထွန်းနှင့် ကတုံး(သေဆုံး)  တို့   သုံးဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင်  တရားခံ   ကျား ခုနစ်ဦး၊ မ တစ်ဦး ပေါင်း ရှစ်ဦး၊ အကြမ်းဖက်အဖွဲ့ဝင် အလောင်း ခြောက်လောင်း၊ လက်နက်မျိုးစုံ ၁၂ လက်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ လက်ပစ်ဗုံး ၂၃ လုံး၊ နင်းမိုင်း ကိုးလုံး၊ ကျည်မျိုးစုံ ၂၄၁၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၂၅ ခုနှင့် Drone တစ်စင်းတို့ကို  ဖော်ထုတ်ဖမ်းဆီး သိမ်းဆည်းရမိခဲ့သည်။


ဖမ်းဆီးရမိ    တရားခံများ၏ ထွက်ဆိုချက်အရ ဇော်ဇော်အောင် (ခ) ဆရာကျောင်း  နှင့်  အိုက်ရွန် တို့ နှစ်ဦးသည် ၂၀၂၁ ခုနှစ် ဇွန်လ တွင်    ဖယ်ခုံမြို့နယ်    နားဟီး ကျေးရွာအနီး၌ PDF အကြမ်းဖက် သင်တန်း  တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ    တရားခံများ၏ ထွက်ဆိုချက်အရ  ရှမ်းပြည်နယ် (တောင်ပိုင်း)  ဖယ်ခုံမြို့နယ်နှင့် ဒီမော့ဆိုမြို့နယ်အတွင်း၌ NUG လက်အောက်ခံ အကြမ်းဖက်အဖွဲ့ များအား ဖမ်းဆီးရန်ကျန် တရားခံ ဖိုးခွား(ခ)ဖားပျံဖိုးခွား   ခေါင်း ဆောင်သည့်  PDF  အကြမ်းဖက် အဖွဲ့ အင်အား  ၅၀  ခန့်ဖြင့်လည်း ကောင်း၊ ဇော်ဇော်အောင် (ခ)ဆရာကျောင်း ခေါင်းဆောင်သည့် PDF အကြမ်းဖက်အဖွဲ့ အင်အား ၄၀ ခန့်ဖြင့်လည်းကောင်း၊ ဖမ်းဆီး ရန်ကျန်တရားခံ  ကိုစိုင်း  ခေါင်း ဆောင်သည့် PDF အကြမ်းဖက် အဖွဲ့ အင်အား ၁၀၀ ခန့်ဖြင့်လည်း ကောင်း၊ ဖိုးခွား (ခ) အင်းဖိုးခွား ခေါင်းဆောင်သည့် PDF အကြမ်း ဖက်အဖွဲ့အင်အား  ၁၅၀  ခန့်ဖြင့် လည်းကောင်း၊ ဖမ်းဆီးရန်ကျန် တရားခံ ခွန်ရောင်နီ(ခ)အောင်ဝင်း ခေါင်းဆောင်သည့် PNDF အမည် ခံ  အကြမ်းဖက်အဖွဲ့ အင်အား ၅၀ ခန့်ဖြင့်လည်းကောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစ၍     ဖွဲ့စည်း ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖောက်ခွဲမှုများ
ဆောင်ရွက်ရန်စီစဉ်
ဖမ်းဆီးရမိ   တရားခံများ၏ ထွက်ဆိုချက်အရ ဇော်ဇော်အောင် (ခ) ဆရာကျောင်း ခေါင်းဆောင် သော  PDF  အကြမ်းဖက်အဖွဲ့မှ အင်အား ၁၅ ဦး၊ ဖမ်းဆီးရန်ကျန် တရားခံ ဖိုးခွား(ခ) ဖားပျံဖိုးခွား ခေါင်းဆောင်သော PDF အကြမ်း ဖက်အဖွဲ့မှ အင်အား ၁၀ဦး၊ ဖမ်းဆီး ရန်ကျန် တရားခံ  ကိုစိုင်း  ခေါင်း ဆောင်သော PDF အကြမ်းဖက် အဖွဲ့မှ အင်အား ၁၅ ဦး၊  ဖိုးခွား(ခ) အင်းဖိုးခွား   ခေါင်းဆောင်သော PDF အကြမ်းဖက်အဖွဲ့မှ အင်အား ၂၀ ၊ PNDF အမည်ခံအကြမ်းဖက် အဖွဲ့မှ ဖမ်းဆီးရန်ကျန် တရားခံ ခွန်ရောင်နီ    (ခ)   အောင်ဝင်း ခေါင်းဆောင်သော အင်အား ၁၀ဦး စုစုပေါင်း အကြမ်းဖက်အင်အား ၇၀ ခန့်တို့သည်  လက်နက်ငယ် ကိုယ်စီကိုင်ဆောင်၍ ပင်လောင်း၊ ညောင်ရွှေ၊    အင်းလေးဒေသ အတွင်းသို့     ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်းများမှတစ်ဆင့် အဖွဲ့များခွဲ၍ ဝင်ရောက်လာပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ  ၁  ရက် နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းတိန်ကျေးရွာရှိ   လုံခြုံရေး ကင်းစခန်းများကိုလည်းကောင်း၊ ပေါင်းပိန်းကျေးရွာရှိ   ပူးပေါင်း စစ်ဆေးရေးဂိတ်ကိုလည်းကောင်း ဝင်ရောက်တိုက်ခိုက်ပြီး  အစိုးရ ဌာနဆိုင်ရာ အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သည့် လူစည်ကားရာနေရာများ၊ ဘုရား ဖူးများဖြင့်   စည်ကားနေသည့် ဖောင်တော်ဦး    ဘုရားဝန်းကျင် နှင့်    ဖောင်တော်ဦးဘုရားသို့ လာရောက်    ဖူးမြော်ကြသည့် ဘုရားဖူးပြည်သူများအား  ထိတ် လန့်      ချောက်ချားစေရန်နှင့် သေကျေပျက်စီးမှုများ ဖြစ်ပေါ်စေ ရန်  ရည်ရွယ်၍   ဖောက်ခွဲမှုများ ဆက်လက် ဆောင်ရွက်သွားရန် စီစဉ်ထားရှိခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
လက်နက်/ခဲယမ်းများ ဝယ်ယူ
ဖမ်းဆီးရမိ   တရားခံများ၏ ထွက်ဆိုချက်အရ ဇော်ဇော်အောင် (ခ)ဆရာကျောင်း သည် ထိုင်းနိုင်ငံ နေ    ဖမ်းဆီးရန်ကျန်တရားခံ ကျော်ကြား  နှင့်  စင်္ကာပူနိုင်ငံနေ ဖမ်းဆီးရန်ကျန်  တရားခံ  နန်းစံ တို့၏   ချိတ်ဆက်မှုဖြင့်   NUG အကြမ်းဖက်အဖွဲ့နှင့် ပြည်တွင်း/ပြည်ပရှိ အစွန်းရောက်ထောက်ခံ သူများထံမှ  ငွေကြေးထောက်ပံ့ မှုများ   ရယူ၍     လိုအပ်သော လက်နက်/ခဲယမ်း       များအား ဝယ်ယူ    စုဆောင်းခဲ့ကြောင်း၊ တရားခံ တင်တင်ညို(ခ) မလေး သည်   မင်းမင်းဦး  မှတစ်ဆင့် ဇော်ဇော်အောင်(ခ)ဆရာကျောင်း နှင့်  ၎င်း၏  အကြမ်းဖက်အဖွဲ့ များထံသို့  ငွေကြေးနှင့်  ရိက္ခာ ပစ္စည်းများအား   ခြောက်ကြိမ် ထောက်ပံ့ပေးခဲ့ပြီး အကြမ်းဖက် တိုက်ခိုက်မည့် အစီအစဉ်မတိုင်မီ တွင်လည်း ဇော်ဇော်အောင်(ခ)ဆရာကျောင်း   ထံသို့   လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ သွားလာလှုပ်ရှား မှုသတင်းများအား    ဆက်သွယ် ပြောကြားပေးခဲ့ကြောင်း    ဖော် ထုတ် သိရှိရသည်။
 ဝိုင်းဝန်းကာကွယ်တိုက်ဖျက်
သို့ဖြစ်ပါ၍ အကြမ်းဖက်မှုကို မလိုလားသော   တိုင်းရင်းသား ပြည်သူများ၏ သတင်းပေးပို့ချက် များနှင့် နယ်မြေလုံခြုံရေးတပ်ဖွဲ့ ဝင်များ၏   အချိန်မီ   ကြိုးပမ်း ဖော်ထုတ်နိုင်မှုများကြောင့် ဖမ်း ဆီးရမိခဲ့သော တရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူ နိုင်ရေး   ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊  အကြမ်း ဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက   ဝိုင်းဝန်း ကာကွယ်  တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန် ဆုံး   ဆက်လက်ဖမ်းဆီးရမိရေး အတွက်  ၎င်းတို့   ပုန်းခိုရာနေရာ များ၊  လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့ ယခုကဲ့သို့ လျှို့ဝှက်စွာ သတင်း ပေး    တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူ များအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ    ချီးမြှင့်ပေးလျက်ရှိ ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်း      ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ    အသိပေးသတင်း ထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းစဉ်