နေပြည်တော် ဇန်နဝါရီ ၇
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ ဝင်/ဝန်ထမ်းအရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံ များ ဆက်ကပ်လှူဒါန်းလျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့နယ်ရှိ အုန်းတောပရိယတ္တိ စာသင်တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း မြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာ၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ အရှေ့ကံ့ကော် ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ကြာကန်ကျောင်းတိုက်၊ ရန်ကင်း မြို့နယ်ရှိ အောင်သုခဗိမာန် ကျောင်းတိုက်၊ ရွှေပြည်သာမြို့ နယ်ရှိ ဓမ္မသုခပရိယတ္တိစာသင် တိုက်နှင့် သာကေတမြို့နယ်ရှိ ညောင်ရိပ်သာ ကျောင်းတိုက် တို့သို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့နယ်ရှိ မိုးကုတ်ရိပ်သာ ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီး တံခွန်မြို့နယ်ရှိ မဟာဂန္ဓာရုံ ကျောင်းတိုက်၊ ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပ မြို့နယ်ရှိ မဟာဂန္ဓရုံကျောင်း တိုက်၊ ရှမ်းပြည်နယ် တောင်ကြီး မြို့နယ်ရှိ စွယ်တော်ကျောင်းတိုက် နှင့် လားရှိုးမြို့နယ်ရှိ ကန်မိန်း ပရိယတ္တိစာသင်တိုက်တို့သို့ ဆန် ကြာဆံများကို လည်းကောင်း ဆရာတော်၊ သံဃာတော်များ အတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်



