နေပြည်တော် ဇန်နဝါရီ ၃
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယ တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝဏ္ဏမောင်လွင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ
နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ လဗ် ရော့ဗ် ထံမှ
ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယတွင် မိမိအနေဖြင့် အဆွေတော်ထံ ဆုမွန်ကောင်း တောင်းအပ်ပါသည်။
အစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှု အပြန်အလှန်နားလည်မှု တို့ဖြင့် ဖော်ကျူးထားသည့် အပြုသဘောဆောင်သည့် တက်ကြွသော မြန်မာ - ရုရှား ဆက်ဆံရေးအပေါ် မိမိတို့အနေဖြင့် ကျေနပ်အားရ မိပါသည်။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် နေပြည်တော်၌ မိမိတို့၏ ဆွေးနွေးမှုများအတွင်း ရရှိခဲ့သည့် သဘောတူညီချက်များအောက်မှ ယုံကြည်စိတ်ချရသည့် နိုင်ငံရေးဆွေးနွေးပွဲနှင့် ထိတွေ့ ဆက်ဆံမှုများ ကို စဉ်ဆက်မပြတ် မြှင့်တင်သွားရန် မျှော်လင့်လျက်ရှိပါသည်။ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာစေခြင်းက မိမိတို့နှစ်နိုင်ငံ ပြည်သူ များ၏ အဓိကအကျိုးစီးပွားများကို ထွန်းကားစေမည်ဖြစ်ပြီး အရှေ့ တောင်အာရှနှင့် အာရှ-ပစိဖိတ်ဒေသတစ်ခုလုံး၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရာတွင်လည်း အကျိုးပြုစေမည်ဟု ယုံကြည် ပါသည်။
အဆွေတော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများအားလုံး ကျန်းမာ၊ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။



