
ရန်ကုန် ဒီဇင်ဘာ ၃၁
၁၉၉၇ ခုနှစ်မှစ၍ ထုတ်ဝေ ဖြန့်ချိခဲ့သော SH (ရှုထောင့်/အထူးဟစ်တိုင်) သတင်းဌာနတွင် နှစ်ပေါင်း ၂၅ နှစ်ကျော်တိုင်အောင် နာယကကြီးများအဖြစ် ပါဝင် ဆောင်ရွက်ပေးခဲ့သော သက်ကြီး စာပေပညာရှင်များ ပူဇော် ကန်တော့ပွဲကို ယနေ့မွန်းလွဲပိုင်း က ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း ရှိ မြန်မာနိုင်ငံ စာရေးဆရာအသင်း အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးထွန်း (မောင်စိမ်း နောင်-လယ်ဝေး)က ဂုဏ်ပြုအမှာ စကား ပြောကြားပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဖက် အတွင်းရေးမှူး ဦးရဲနိုင်စိုးက မုဒိတာစကား ပြောကြားသည်။
ထို့နောက် SH (ရှုထောင့်/အထူးဟစ်တိုင်)သတင်းဌာနတွင် နာယကအဖြစ် ပါဝင်ဆောင်ရွက် ခဲ့ကြသော သက်ကြီးစာပေပညာ ရှင်များကို ပူဇော်ကန်တော့ကြပြီး ကန်တော့ခံ သက်ကြီးစာပေပညာ ရှင်များကိုယ်စား မြန်မာနိုင်ငံ စာရေးဆရာအသင်း အတွင်း ရေးမှူး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)က ဆုတောင်း စကားနှင့် ဆုံးမစကားပြောကြား သည်။
အဆိုပါ အခမ်းအနားသို့ ကန်တော့ခံ သက်ကြီးစာပေပညာ ရှင်များ၊ မြန်မာနိုင်ငံ သတင်းမီဒီ ယာကောင်စီမှ တွဲဖက်အတွင်း ရေးမှူးများနှင့် ကောင်စီဝင်များ၊ SH (ရှုထောင့်/အထူးဟစ်တိုင်) သတင်းဌာနမှ အမှုဆောင်အရာ ရှိချုပ် ဦးသက်နိုင်ဦးနှင့် တာဝန် ရှိသူများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်းစဉ်