ဒေသအသီးသီးရှိ အလားအလာကောင်းသည့် ကုန်ကြမ်းများ၊ လယ်ယာ၊ သား၊ ငါး ထွက်ကုန်များကို နည်းပညာစက်ပစ္စည်းအကူအညီဖြင့် ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်ပေါ်ရေး၊ တန်ဖိုးကွင်းဆက် မြှင့်တင်နိုင်ရေးတို့ကို အားသွန်ခွန်စိုက်ဆောင်ရွက်ပြီး နိုင်ငံ့ GDP ကို

 

ဒေသအသီးသီးရှိ အလားအလာကောင်းသည့် ကုန်ကြမ်းများ၊ လယ်ယာ၊ သား၊ ငါး ထွက်ကုန်များကို 
နည်းပညာစက်ပစ္စည်းအကူအညီဖြင့်  ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်ပေါ်ရေး၊ တန်ဖိုးကွင်းဆက် 
မြှင့်တင်နိုင်ရေးတို့ကို အားသွန်ခွန်စိုက်ဆောင်ရွက်ပြီး  နိုင်ငံ့ GDP ကို မြှင့်တင်ရေး ဆောင်ရွက်ကြရမည်

 

နေပြည်တော်   နိုဝင်ဘာ   ၁၅ 


အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၂) ကို   ယနေ့မွန်းလွဲ ၁ နာရီခွဲတွင်  နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး  စိုးဝင်း  တက်ရောက်အမှာစကားပြောကြားသည်။      

 


အစည်းအဝေးသို့     ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊     ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့်     တာဝန်ရှိသူများ တက်ရောက်ကြပြီး     တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် အသင်းအဖွဲ့များမှ   တာဝန်ရှိသူ များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

 


ဦးစွာ အသေးစား၊ အငယ်စားနှင့်   အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ    ဒုတိယဥက္ကဋ္ဌ     ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်     ယနေ့အချိန်အခါ တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်  ဖွံ့ဖြိုးပြီးနိုင်ငံများ နှင့်  ဖွံ့ဖြိုးဆဲနိုင်ငံများပါ စီးပွားရေးအရ၊ လူမှုရေးအရ တိုက်ရိုက်အကျိုးသက်ရောက်မှုကို ခံစားခဲ့ရကြောင်း၊ အထူးသဖြင့်   ကမ္ဘာ့စီးပွားရေးသည်   အဆိုးရွားဆုံး အခြေအနေသို့    ကျရောက်ခဲ့သကဲ့သို့    တစ်ဦးချင်း ဝင်ငွေများလည်း           ကျဆင်းသွားခဲ့ကြောင်း၊ လူသန်းပေါင်းများစွာသည်     အလွန်ဆင်းရဲသည့် အခြေအနေသို့   ကျရောက်ခဲ့ရကြောင်း၊  အဆိုးရွားဆုံး ထိခိုက်ခဲ့သည်မှာ       ကမ္ဘာ့ကုန်သွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊     လူသုံးကုန်ပစ္စည်း    တင်ပို့မှုနှင့် ပြင်ပဘဏ္ဍာငွေကိစ္စရပ်များ      ထိခိုက်နစ်နာမှုအကြီးမား ဆုံးဖြစ်သည်ကို    တွေ့ရှိခဲ့ရကြောင်း၊    ထို့ကြောင့် ကဏ္ဍအသီးသီးရှိ         လုပ်ငန်းများ    ရပ်နားရခြင်း၊ အနည်းဆုံးနှင့်အကျဉ်းဆုံး   လုပ်ငန်းပြန်စနေရခြင်း စသည့် အကန့်အသတ်များကြောင့်   အလုပ်အကိုင် အခွင့်အလမ်းရရှိမှုကိုလည်း     ထိခိုက်ခဲ့ရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်     စီးပွားရေး၊     လူမှုရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင်  အခြားနိုင်ငံများနှင့်အတူ ခံစားခဲ့ရကြောင်း၊  အထူးသဖြင့် ငွေကြေး အရင်းအနှီး အားနည်းသည့်  MSME လုပ်ငန်းများ ပိုမိုထိခိုက်ခံစား ခဲ့ရပြီး    ယခုအချိန်တွင်   နိုင်ငံတော်က   ကိုဗစ်-၁၉ ကြောင့်    ထိခိုက်ခဲ့ရသည့်   လုပ်ငန်းများကို   ကဏ္ဍ အလိုက်    ချေးငွေများထုတ်ချေးထားပြီး    ချေးငွေ ကာလကိုလည်း   သက်တမ်းထပ်မံတိုးမြှင့်ပေးထား ကြောင်း၊  နိုင်ငံ့စီးပွားရေးလုပ်ငန်းအားလုံး၏    ၉၉ ရာခိုင်နှုန်းသည် MSME လုပ်ငန်းများဖြစ်ပြီး    နိုင်ငံ့ စီးပွားရေးအတွက်    အဓိက  မောင်းနှင်အားလည်း ဖြစ်ကြောင်း။

 


ဝိုင်းဝန်းကြိုးပမ်းကြရန်လို


စက်မှုဝန်ကြီးဌာန၊     စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ     SME Member Card ထုတ်ပေးထားသည့်လုပ်ငန်းပေါင်း  ၄၀၉၂၉ ခုရှိပြီး ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေအရ   မှတ်ပုံတင်ထား သည့် လုပ်ငန်းများအနက်   အသေးစားနှင့် အလတ်စား လုပ်ငန်း      သတ်မှတ်ချက်ဖြင့်     ကိုက်ညီသော လုပ်ငန်းများသည်လည်း ၄၅၀၀၀ ကျော်  ရှိကြောင်း၊  ထို့ပြင်  အခြားဝန်ကြီးဌာန  ၁၃ ခုရှိ ဦးစီးဌာနများ၌ မှတ်ပုံတင်ထားသည့်    လုပ်ငန်း   ၂၅၃၀၀၀    ကျော် ရှိသည်ကို    စာရင်းများအရ    သိရကြောင်း၊   မြန်မာ့ စီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် MSME များ၏အခန်းကဏ္ဍသည်  များစွာ အရေးကြီးကြောင်း၊ မှတ်ပုံတင်ထားသည့်     အသေးစား၊    အငယ်စားနှင့် အလတ်စား  စီးပွားရေး    (MSME)     လုပ်ငန်းများ ဆက်လက်ရှင်သန်နေရန်နှင့်  လုပ်ငန်းများ လည်ပတ် နေရန် အထူးလိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ ၏အားသာချက်အပေါ်   အခြေခံပြီး အသုံးချတတ်မည် ဆိုပါက    အခွင့်အလမ်းကောင်းများ    ရရှိလာနိုင် ကြောင်း၊    အခွင့်အလမ်းအနေဖြင့်   တစ်ကမ္ဘာလုံး တွင် စားသောက်ကုန်ဆိုင်ရာထုတ်ကုန်များ  လိုအပ် နေသည့်အတွက်   နည်းပညာကောင်းများသုံးစွဲပြီး အန္တရာယ်ကင်းရှင်းသော  တန်ဖိုးမြှင့်ထုတ်ကုန်များ၊ ဆန်းသစ်တီထွင်သည့် ထုတ်ကုန်များထုတ်လုပ်လာ နိုင်ရေး၊ ကမ္ဘာ့တန်ဖိုးမြှင့်ကွင်းဆက်နှင့်  အပြည်ပြည် ဆိုင်ရာပူးပေါင်းထုတ်လုပ်မှု ကွန်ရက်များသို့ ဝင်ရောက် နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းကြရန်လိုအပ်ကြောင်း။

 


ကပ်ရောဂါကြောင့်   စားသုံးသူများ၏ အပြုအမူ နှင့်   လိုအပ်ချက်များလည်း    ပြောင်းလဲလာသည့် အတွက် MSME များအနေဖြင့် ဈေးကွက်သုတေသန ရလဒ်များကို လေ့လာဆောင်ရွက်ရန်နှင့် ဒစ်ဂျစ်တယ် နည်းပညာကို  မဖြစ်မနေသုံးစွဲနိုင်ရန်  လိုအပ်လာပြီ ဖြစ်ကြောင်း၊ သို့သော် MSME များအနေဖြင့် လက်ရှိ အချိန်ထိ ဒစ်ဂျစ်တယ်နည်းပညာကို  ထုတ်လုပ်မှုအပိုင်း၊ ဈေးကွက်မြှင့်တင်ရေးအပိုင်းနှင့်  ကုန်သွယ်ငွေလွှဲသည့် နေရာများတွင်   ကျွမ်းကျင်စွာ   သုံးစွဲရန်ခက်ခဲနေဆဲ ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် MSME များ အခွင့်အရေးများလက်ဝယ်ရရှိနိုင်ရန်နှင့် စိန်ခေါ်မှုများ ကို အတူတကွ   ဖြေရှင်းပေးနိုင်ရန်   ဆောင်ရွက်ပေး လျက်ရှိကြောင်း။

 


E-Government စနစ်တွင်  အလိုအလျောက်ပါဝင်


ထိုသို့    ဆောင်ရွက်ရာတွင်     နိုင်ငံတော်အစိုးရ အနေဖြင့်    ဒစ်ဂျစ်တယ်နည်းပညာနှင့်ပတ်သက်၍ e-ID စနစ်မှစ၍ E- Government အထိ သွားရောက်နိုင်  ရန်   ဆောင်ရွက်လျက်ရှိကြောင်း၊   အဆိုပါစနစ်များ ပြီးစီးသည့်အချိန်တွင်    MSME    လုပ်ငန်းများ၏ ဈေးကွက်သုတေသနလုပ်ငန်း၊  ဒစ်ဂျစ်တယ်နည်းပညာ ဖြင့်ဆောင်ရွက်ရသည့်လုပ်ငန်း၊  ထုတ်လုပ်မှုအပိုင်း၊ ဈေးကွက်မြှင့်တင်ရေးနှင့် ရှာဖွေရေးအပိုင်း၊ ကုန်သွယ် ငွေလွဲမှု အပိုင်းများသည် အစိုးရမှ လက်ရှိဆောင်ရွက် နေသည့် E-Government စနစ်တွင်  အလိုအလျောက် ပါဝင်သွားမည်ဖြစ်ကြောင်း။

 


အထောက်အပံ့အားလုံးကို ရယူခံစားခွင့်ရှိ


 မိမိတို့အနေဖြင့်   MSME   အေဂျင်စီဖွဲ့စည်းပြီး လိုအပ်သည့် လုပ်ထုံးလုပ်နည်းများအားလုံး    ပြီးစီး ချိန်တွင်   မှတ်ပုံတင်ထားခြင်းမရှိသေးသည့် MSME လုပ်ငန်းများကို   ဒစ်ဂျစ်တယ်စနစ်ဖြင့်    Online မှ မှတ်ပုံတင်ပေးနိုင်ရေး       အေဂျင်စီများကလည်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊   ယခု အစည်းအဝေးတွင်လည်း အေဂျင်စီများနှင့် ပတ်သက် ၍  တရားဝင်ဖွဲ့စည်းဆောင်ရွက်သွားရန် ဆွေးနွေး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း၊   ထိုသို့   ဒစ်ဂျစ်တယ် နည်းပညာဖြင့်     မိမိတို့လုပ်ငန်းများကို    မှတ်ပုံတင် ထားမှသာလျှင်  နိုင်ငံတော်ကပံ့ပိုးပေးမည့်  ငွေကြေး အရင်းအနှီးနှင့်   အခွန်အခ   သက်သာခွင့်အပါအဝင် အထောက်အပံ့အားလုံးကို   ရယူခံစားခွင့်ရှိမည်ဖြစ် ကြောင်း။

 


ထို့ပြင်  MSME  လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးတွင်    ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် မိန့်ကြားသွားသကဲ့သို့ MSME    လုပ်ငန်းများအတွက်      အဓိကကျသော လိုအပ်ချက်များဖြစ်သည့်   ကုန်ကြမ်း၊   သွင်းအားစု၊ ကျွမ်းကျင်လုပ်သား၊ အရင်းအနှီးစသည့် အချက်များ ကို သက်ဆိုင်ရာဝန်ကြီးဌာနများအားလုံး   ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းသွားရန်လိုကြောင်း။ 

 


နိုင်ငံတော်ဝန်ကြီးချုပ်၏  ခရီးစဉ်များအတွင်း MSME လုပ်ငန်းရှင်များနှင့်  တွေ့ဆုံရာတွင် လုပ်ငန်း ရှင်များ၏ တင်ပြချက်များအနေဖြင့်  ကဏ္ဍ ၇ ခုတွင် စုစုပေါင်း  ၉၅ ချက်ရှိသည်ကို     တွေ့ရှိရကြောင်း၊ အဆိုပါတင်ပြချက်များကို  တစ်ချက်ချင်း  ဆက်လက် အကောင်အဖော် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

 


ကျစ်လျစ်စွာ ဖွဲ့စည်းထားခြင်းဖြစ်


မိမိတို့လုပ်ငန်းကော်မတီသည်   MSME ဗဟို ကော်မတီမှချမှတ်သည့်     မူဝါဒများနှင့်     MSME လုပ်ငန်းလုပ်ကိုင်သူများအကြား         ပေါင်းကူးသဖွယ် လုပ်ငန်းအကောင်အထည်ဖော်     ဆောင်ရွက်နိုင်မှု၊ လုပ်ငန်းရှင်များ၏ လက်တွေ့လိုအပ်ချက်၊ အခက် အခဲ၊ လိုအပ်သည့်အကြံဉာဏ်  နည်းပညာပေးခြင်း၊ လက်ခံခြင်း၊   ဖြည့်ဆည်းပေးခြင်း    စသည်တို့ကို အချိန်နှင့်တစ်ပြေးညီ    စီမံဆောင်ရွက်ပေးရမည့် ကော်မတီတစ်ခုဖြစ်ကြောင်း၊ သို့ဖြစ်၍လည်း ဝန်ကြီး ဌာနအများစုအပါအဝင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊    မြန်မာနိုင်ငံ    ဘဏ်များ အသင်း၊    မြန်မာနိုင်ငံ    လူငယ်စွန့်ဦးတီထွင်လုပ်ငန်း ရှင်များအသင်း၊    မြန်မာအမျိုးသမီး   စီးပွားရေး စွမ်းဆောင်ရှင်များအသင်းတို့မှ   တာဝန်ရှိသူတို့ဖြင့် ကျစ်လျစ်စွာ    ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ မိမိတို့ လုပ်ငန်းကော်မတီအဖွဲ့ဝင်တိုင်းသည် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍလျင်မြန်စွာ  ဖွံ့ဖြိုးတိုးတက်လာစေ ရေး MSME ဗဟိုကော်မတီနှင့်  MSME လုပ်ငန်းရှင် များအား အချိန်နှင့်တစ်ပြေးညီ  လိုအပ်ချက်များအပေါ် ပေးထားသည့် လုပ်ငန်းတာဝန်များကြားမှ အားသွန် ခွန်စိုက်  ကြိုးပမ်းထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးလျင်မြန်စွာ  ဖွံ့ဖြိုးတိုးတက် ရေးအတွက်  ဆောင်ရွက်ကြရမည့်ကော်မတီဖြစ်၍လည်း  တာဝန် ဝတ္တရားများကြီးမားသကဲ့သို့ အဆိုပါတာဝန်ဝတ္တရား များ ကျေပွန်စွာ ထမ်းဆောင် နိုင်စေရေးအတွက်လည်း     လုပ်ငန်းကော်မတီဝင်အားလုံးမှ   တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း    ညှိနှိုင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

 


နိုင်ငံ့ GDP ကို မြှင့်တင်ရေးဆောင်ရွက်


ထို့ပြင်   ဒေသဆိုင်ရာ   အေဂျင်စီများအနေဖြင့် လစဉ်လုပ်ငန်း    ဆောင်ရွက်ချက်များကို    လုပ်ငန်း ကော်မတီသို့         ပေးပို့တင်ပြသွားရမည်ဖြစ်ပြီး လုပ်ငန်းကော်မတီမှတစ်ဆင့်      ဗဟိုကော်မတီသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း၊         ဒေသ အသီးသီးရှိ အလားအလာကောင်းသည့်    ကုန်ကြမ်း များ၊     လယ်ယာ၊ သား၊ ငါး   ထွက်ကုန်များကို နည်းပညာ    စက်ပစ္စည်းအကူအညီဖြင့်   ကုန်ကြမ်း အဆင့်မှ    တန်ဖိုးမြှင့်ထုတ်ကုန်များ    ဖြစ်ပေါ်ရေး၊ တန်ဖိုးကွင်းဆက် မြှင့်တင်နိုင်ရေးတို့ကို အားသွန် ခွန်စိုက်ဆောင်ရွက်ပြီး   နိုင်ငံ့ GDP ကို မြှင့်တင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 


သက်ဆိုင်ရာအမှာစာများကို ဖတ်ကြား


ထို့နောက်    လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး  ဦးရင်မောင်ညွန့်က   သက်ဆိုင်ရာ အမှာစာများကို ဖတ်ကြားတင်ပြသည်။

 


ယင်းနောက် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်း ဒေသကြီးနှင့်    ပြည်နယ်ဝန်ကြီးချုပ်များ၊    ဒုတိယ ဝန်ကြီးများ၊   ညွှန်ကြားရေးမှူးချုပ်များနှင့်   အသင်း အဖွဲ့များမှ      တာဝန်ရှိသူများက    အသေးစား၊ အငယ်စားနှင့်  အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်   ပတ်သက်၍   သက်ဆိုင်ရာ ကဏ္ဍများအလိုက်  ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

 


ရှင်းလင်းတင်ပြ


ထို့နောက်  လုပ်ငန်းကော်မတီ တွဲဖက်အတွင်း ရေးမှူး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က  အစည်းအဝေးဆုံးဖြတ်ချက် များကို    အတည်ပြုချက်ရယူနိုင်ရန်     ရှင်းလင်း တင်ပြသည်။ 
ယင်းနောက်     အသေးစား၊    အငယ်စားနှင့် အလတ်စား    စီးပွားရေးလုပ်ငန်းများ       ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ     ဒုတိယ ဝန်ကြီးချုပ်     ဒုတိယဗိုလ်ချုပ်မှူးကြီး    စိုးဝင်းက ရှင်းလင်းဆွေးနွေးတင်ပြချက်များကို    ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

 


ပြခန်းများကိုကြည့်ရှု


ထို့နောက် စက်မှုဝန်ကြီးဌာန၊ မူဝါဒနှင့်ပြည်ပ ရေးရာဌာန၊ နည်းပညာနှင့်   ဈေးကွက်မြှင့်တင်ရေး ဌာနနှင့်  စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ပြခန်းများကို   ကြည့်ရှုရာ  ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက     လိုက်လံရှင်းလင်းပြသခဲ့ကြ ကြောင်း သတင်းရရှိသည်။              

သတင်းစဉ်