သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများ လှူဒါန်း

 

ရန်ကုန် နိုဝင်ဘာ ၁၁


၁၃၈၄  ခုနှစ်   မြန်မာနိုင်ငံ စာဆိုတော်နေ့   အထိမ်းအမှတ် အဖြစ်    (၃၅)    ကြိမ်မြောက်   သက်ကြီးစာပေ   ပညာရှင်များ   ပူဇော်ကန်တော့ပွဲအတွက် မြန်မာ နိုင်ငံ     စာရေးဆရာအသင်းသို့ စေတနာရှင်များက    အလှူငွေများ ဆက်လက်လှူဒါန်းကြရာ မြန်မာ နိုင်ငံသတင်းမီဒီယာ ကောင်စီက အလှူငွေကျပ် ၁၀ သိန်း၊  ဆရာမ ကြီး  ဒေါက်တာရီရီလှ   (ယုဝတီ ခင်ဦး)မိသားစုက ငွေကျပ်ငါးသိန်း၊ မှော်ဘီမြို့နယ်        စာရေးဆရာ အသင်းက   ငွေကျပ် ၁၅၀၀၀၀ ၊ ဆရာတော်   ဘဒ္ဒန္တပဏ္ဍိတာနန္ဒ (မြတ်ဘုန်း-တပ်ကုန်း)၊  ဦးဇော် မင်း  (မင်္ဂလာကုမ္ပဏီ)၊    ဒေါ်ချို ချိုတင်  (မစန္ဒာ)၊  ဦးမောင်လှိုင် (မောင်ဆွေငယ်)၊  လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်   စာရေးဆရာ အသင်း၊ တပ်ကုန်းမြို့နယ် စာရေး ဆရာအသင်းနှင့်   ရန်ကင်းမြို့နယ် စာရေးဆရာ     အသင်းတို့က ငွေကျပ်တစ်သိန်းစီ၊   မြစ်သား မြို့နယ်    စာရေးဆရာအသင်းက   ငွေကျပ် ၅၃၀၀၀၊ ဒေါ်ဆွေဆွေ (ရွှေဒေါင်းယဉ်ရွှေဆိုင်)  တောင် ဥက္ကလာပမြို့နယ်၊  မြိတ်မြို့နယ် စာရေးဆရာအသင်း၊    မင်္ဂလာ တောင်ညွန့်မြို့နယ်  စာရေးဆရာ အသင်း၊    အထက်မင်းလှမြို့နယ် စာရေးဆရာအသင်း၊ ထားဝယ်မြို့နယ်စာရေးဆရာအသင်းနှင့်  ဒဂုံ မြို့နယ်   စာရေးဆရာအသင်းတို့ က ငွေကျပ်ငါးသောင်းစီ၊ ဦးအောင် သန်းဦး (ပုသိမ်အောင်သန်းဦး)၊ ဆရာစိုးမြင့် (စက်မှုတက္ကသိုလ်)၊   နွေကံ့ကော်  (မြို့လှ)  -  ပင်မြင့်စံ (ရွှေဘို)မိသားစု၊ ဦးမြဟန်(မြဟန်)၊ လှိုင်မြို့နယ်၊    ကမာရွတ်မြို့နယ် စာရေးဆရာအသင်း      ဥက္ကဋ္ဌ   ဦးကိုကိုကြီး       (ကိုပေါက်-ကမာရွတ်)၊     စာရေးဆရာမ  တွယ်တာလှိုင်၊      ပန်းတောင်း မြို့နယ် စာရေးဆရာအသင်းနှင့် တောင်ကြီးမြို့နယ် စာရေးဆရာ အသင်းတို့က ငွေကျပ်သုံးသောင်း စီ၊ တနင်္သာရီမြို့နယ်စာရေး ဆရာ အသင်းက  ငွေကျပ်တစ်သောင်း၊ ဆရာ ဦးစိုးနိုင်(မြန်မာနိုင်ငံ ဝေဒ သုတေသနအဖွဲ့)က    ငွေကျပ်  နှစ်သိန်းတန်ဖိုးရှိ    ပြက္ခဒိန်များနှင့် စာရေးဆရာမ    တွယ်တာလှိုင်က   ငွေကျပ်   ၁၀၅၀၀၀  တန်ဖိုးရှိ စာအုပ်များ   ပေးအပ်လှူဒါန်း ကြရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင် နိုင်မိုး)၊    ဒုတိယ ဥက္ကဋ္ဌ(၁) ဦးမျိုးထွန်း (မောင်စိမ်း နောင်-လယ်ဝေး)၊ အတွင်းရေးမှူး ဦးညွန့်တင်         (မောင်ငြိမ်းသူ ကြို့ပင်ကောက်)နှင့်  တာဝန်ရှိသူ များက    လက်ခံရယူပြီး  ကျေးဇူး တင်စကား ပြန်လည်ပြောကြား သည်။

 


အလှူငွေဖြစ်စေ၊    အလှူ ပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက    မြန်မာနိုင်ငံစာရေးဆရာ အသင်း၊  အမှတ် (၁၇၃/၁၇၅) ပန်းဆိုးတန်း လမ်း (အလယ်) ကျောက်တံတား မြို့နယ်  ရန်ကုန်မြို့  ဖုန်း-၀၁- ၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆သို့ ဆက်သွယ်  လှူဒါန်းနိုင်ကြောင်း သိရသည်။                  

သတင်းစဉ်