ရာသီဥတုပြောင်းလဲမှုကြောင့် vulnerable group ဖြစ်သည့် အမျိုးသမီးများ၏ အခန်းကဏ္ဍများကို ဆွေးနွေး

 

နေပြည်တော်  နိုဝင်ဘာ ၁၁ 


မြန်မာနိုင်ငံ  အမျိုးသားလူ့အခွင့် အရေးကော်မရှင်နှင့်    အာရှ-ပစိဖိတ်       အမျိုးသားလူ့အခွင့် အရေးအဖွဲ့အစည်းများ    ဖိုရမ် (APF)    တို့      ပူးပေါင်းစီစဉ် ဆောင်ရွက်သော “APF Virtual Dialogue on Climate Change and Human Rights: Role of National   Human   Rights Institutions”   ဆွေးနွေးပွဲကို ယနေ့  ၁၁ နာရီခွဲတွင်    zoom platform အသုံးပြု၍ ကျင်းပ သည်။ 

 


ဆွေးနွေးပွဲသို့  APF အဖွဲ့ဝင် နိုင်ငံဖြစ်သည့်    အမျိုးသားလူ့ အခွင့်အရေး  အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသား        လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ အဖွဲ့ ဝင်များဖြစ်ကြသည့် ဦးပေါ်လွင် စိန်၊    ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာ တင်မောင်မောင်သန်း နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဆွေးနွေးပွဲတွင် APF အတွင်း ရေးမှူးချုပ်ရုံး Principal Advisor, Ms. Pip Dargan က   ဆွေးနွေးပွဲ moderator အဖြစ် ဆောင်ရွက်ပြီး အဖွင့်နှုတ်ခွန်းဆက်     စကား ပြောကြားသည်။

 


ဆက်လက်၍ panel session ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်  ဥက္ကဋ္ဌ ဦးလှမြင့်က ရာသီဥတုပြောင်းလဲမှု နှင့်   စပ်လျဉ်းသည့်    နိုင်ငံ၏ ဆောင်ရွက်မှု၊      ကော်မရှင်၏ Climate Changeနှင့်  စပ်လျဉ်း သော  ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့်         ရာသီဥတု ပြောင်းလဲမှုကြောင့် vulnerable group  ဖြစ်သည့်   အမျိုးသမီး များ၏      အခန်းကဏ္ဍများကို ဆွေးနွေးတင်ပြသည်။ 

 


ထို့နောက်    ဖိလစ်ပိုင်နိုင်ငံ အမျိုးသား        လူ့အခွင့်အရေး ကော်မရှင်မှ  ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူး   Dr.Renante Basas ၊ မော်လ်ဒစ်(ဗ်) လူ့အခွင့် အရေး   ကော်မရှင်ဥက္ကဋ္ဌ   Ms. Mariyam Muna ၊ အိန္ဒိယနိုင်ငံ လူ့အခွင့်အရေး  ကော်မရှင်ဥက္ကဋ္ဌ Mr. Justice Arun Mishra နှင့် APF မှ   အကြံပေးပုဂ္ဂိုလ်  Mr. Romulo  Nayacalevu  တို့က  နိုင်ငံအလိုက် ရာသီဥတုပြောင်းလဲ မှုကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှု များနှင့်    ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ     ဆောင်ရွက်နေမှုများ၊ ရာသီဥတု      ပြောင်းလဲမှုဆိုင်ရာ ဥပဒေ၊   မူဝါဒချမှတ်ရေး  ကိစ္စရပ် များ၊ အရပ်ဘက်အဖွဲ့ အစည်းများ နှင့်   အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ  ပါဝင်ပူးပေါင်း ဆောင်ရွက်ရေး   ကိစ္စရပ်များ၊ IGM Project    ဆိုင်ရာကိစ္စရပ် များ၊  ရှေ့ဆက်ဆောင်ရွက်မည့်   အခြေအနေနှင့်     အခွင့်အလမ်း များကို        တင်ပြဆွေးနွေးကြ သည်။ 

 


ယင်းနောက် panelist များ၏ ဆွေးနွေး      တင်ပြချက်များနှင့် စပ်လျဉ်း၍           ဆွေးနွေးပွဲ  တက်ရောက်သူများက  ဝိုင်းဝန်း ဆွေးနွေး   အကြံပြုကြကြောင်း သိရသည်။


သတင်းစဉ်