(၂၁) ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့  ပါဝင်တက်ရောက်

 

နေပြည်တော် နိုဝင်ဘာ ၁၁


ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ ၌  နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက် တို့တွင် ကျင်းပသည့် (၂၁) ကြိမ် မြောက်      အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီ အစည်း အဝေးနှင့်  ဆက်စပ်အစည်းအဝေး များသို့         မြန်မာနိုင်ငံအာဆီယံ စီးပွားရေးအသိုက်အဝန်းကောင်စီ ဝန်ကြီး  ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံ ခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန      ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့  ပါဝင် တက်ရောက်သည်။

 


အဖွင့်အမှာစကားပြောကြား 


ပြည်ထောင်စု  ဝန်ကြီးသည်  နိုဝင်ဘာ ၁၀ ရက် နံနက် ၈ နာရီခွဲ တွင် ကျင်းပသည့်  အာဆီယံစီးပွား ရေးနှင့်   ရင်းနှီးမြှုပ်နှံမှုထိပ်သီး ညီလာခံ    ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။          အဆိုပါ အခမ်းအနားတွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် H.E. Samdech Akka Moha Sena Padei Techo HUN SEN  တက်ရောက်  အဖွင့်အမှာ စကားပြောကြားသည်။ 

 


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် (၂၁) ကြိမ်မြောက် အာဆီယံစီးပွားရေး     အသိုက် အဝန်းကောင်စီ အစည်းအဝေးသို့ ဆက်လက်တက်ရောက်သည်။ 

 


အစည်းအဝေးတွင်၂၀၂၂ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ   အာဆီယံ အလှည့်ကျဥက္ကဋ္ဌ  တာဝန်ယူစဉ် ဦးစားပေး  ဆောင်ရွက်နေသည့် စီးပွားရေး       လုပ်ငန်းစဉ်များ ၏      အကောင်အထည်ဖော်မှု၊  အာဆီယံ          ဘက်စုံပြန်လည် ထူထောင်ရေးမူဘောင်၊   စတုတ္ထ စက်မှုအသွင်         ကူးပြောင်းရေး မူဘောင်၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးအစီအစဉ်နှင့် ပတ်ဝန်း ကျင်ကို  ထိခိုက်မှုလျော့နည်းစေ သည့်        အစီအစဉ်အကောင် အထည်ဖော်မှု၊  အာဆီယံစီးပွား ရေးအသိုက်အဝန်း  ကာလလယ် သုံးသပ်ချက်တွင်        ပါဝင်သည့် အကြံပြုချက်များအပေါ်    ဆက် လက်ဆောင်ရွက်မှုနှင့်    ၂၀၂၅ အလွန်  အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်      ရေးဆွဲရာတွင် အာဆီယံစီးပွားရေး     အသိုက် အဝန်းအနေဖြင့်          ထည့်သွင်း မည့် အချက်အလက်များအပေါ် ဆွေးနွေးကြသည်။

 


 ထို့ပြင်   အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီမှ အကြိမ် (၄၀) နှင့်  (၄၁)   ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး သို့    တင်ပြမည့်    အစီရင်ခံစာနှင့် ၂၀၂၂   ခုနှစ်အတွင်း     အာဆီယံ  စီးပွားရေးအသိုက်အဝန်း ကောင်စီ အနေဖြင့်အတည်ပြုရန်၊ မှတ်တမ်း တင်ရန်ရှိသည့်       Document များအပေါ်          အတည်ပြုကြပြီး အာဆီယံဥက္ကဋ္ဌကြေညာ စာတမ်း တွင်  ထည့်သွင်းမည့်   အာဆီယံ စီးပွားရေးမဏ္ဍိုင်ဆိုင်ရာ   အချက် အလက်များအပေါ် မှတ်တမ်းတင် ကြသည်။

 


ပါဝင်ဆွေးနွေး


အစည်းအဝေးတွင်      ပြည် ထောင်စုဝန်ကြီးက ကမ္ဘောဒီးယား နိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူစဉ်  ဦးစားပေးဆောင် ရွက်နေသည့်   စီးပွားရေးလုပ်ငန်း စဉ်များအနက် အကောင်အထည် ဖော်နေဆဲ         လုပ်ငန်းများကို ရည်မှန်းကာလအတွင်း    ပြီးစီး အောင်  ဆောင်ရွက်ရေးအတွက်ကဏ္ဍအလိုက်လုပ်ငန်းအဖွဲ့များ က အရှိန်မြှင့်တင်ဆောင်ရွက်ရန်၊ အာဆီယံ     ဒစ်ဂျစ်တယ်စီးပွား ရေးမူဘောင်   သဘောတူစာချုပ် အတွက် လေ့လာမှုဆောင်ရွက်ရာ တွင်  အာဆီယံ၏ လက်ရှိဆောင် ရွက်ဆဲ   ဒစ်ဂျစ်တယ်လုပ်ငန်းစဉ် များကို ပြန်လည်သုံးသပ်ရေးနှင့် အာဆီယံ  အဖွဲ့ဝင်နိုင်ငံများ၏ ဒစ်ဂျစ်တယ်အဆင်သင့်ဖြစ်မှုကိုပါ ထည့်သွင်းလေ့လာရေး  ကိစ္စများ ကို ပါဝင်ဆွေးနွေးသည်။ 

 


မွန်းလွဲပိုင်းတွင်  အာဆီယံ-ဩစတြေးလျ၊         နယူးဇီလန် စီးပွားရေးဝန်ကြီးများ    အထူး အစည်းအဝေးကို    ဆက်လက် ကျင်းပသည်။

 


အစည်းအဝေးတွင်   အာဆီယံ - ဩစတြေးလျ၊   နယူးဇီလန် လွတ်လပ်သော  ကုန်သွယ်မှုဒေသ အဆင့်မြှင့်တင်မှုအတွက်  စေ့စပ် ညှိနှိုင်းမှု   အပြီးသတ်ကြောင်း ကြေညာနိုင်ရေးနှင့်   စပ်လျဉ်း၍ ဆွေးနွေးမှု  မပြီးပြတ်သေးသည့် ကိစ္စရပ်များကို ညှိနှိုင်းကြသည်။

 


ထို့နောက်  ဒုတိယအကြိမ် မြောက် အာဆီယံ-ယူကေ စီးပွား ရေးဝန်ကြီးများ  အစည်းအဝေးကို ကျင်းပသည်။


 တိုးတက်မှုများ မှတ်တမ်းတင်


အစည်းအဝေးတွင် ဝန်ကြီး များက  ဒေသတွင်းနှင့် ကမ္ဘာလုံး ဆိုင်ရာစီးပွားရေးနှင့်  စပ်လျဉ်း သည့်     ဖြစ်ပေါ်တိုးတက်မှုအခြေ အနေများအပေါ်    အမြင်ချင်း ဖလှယ်ဆွေးနွေးကြပြီး အာဆီယံ-ယူကေ        စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ် (၂၀၂၁-၂၀၂၂) ၏  ဖြစ်ပေါ်တိုးတက်မှုများ အပေါ်  မှတ်တမ်းတင်ကြသည်။

 


ထို့နောက်    အာဆီယံနှင့် ယူကေတို့အကြား        အနာဂတ် စီးပွားရေး  ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ        ပူးတွဲကြေညာချက် ကို  အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်ကို အတည်ပြုကြသည်။

 

 
အဆိုပါ  အစည်းအဝေးများ တွင် ကမ္ဘောဒီးယားနိုင်ငံ  စီးပွား ရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး H.E. Pan Sorasak  က သဘာပတိအဖြစ်  ဆောင်ရွက်ပြီး အာဆီယံစီးပွားရေး          အသိုက် အဝန်းကောင်စီ            ဝန်ကြီးများ၊  အာဆီယံ   အဆင့်မြင့်စီးပွားရေး အရာရှိများ၊     အာဆီယံဒုတိယ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိ သူများ ပါဝင်တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်  အတူ ကမ္ဘောဒီးယား         နိုင်ငံဆိုင်ရာ  မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ် လင်းအုန်း၊ အာဆီယံ အဆင့်မြင့် စီးပွားရေးအရာရှိ နိုင်ငံခြားစီးပွား ဆက်သွယ်ရေး          ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ မာလာမျိုးညွန့်နှင့်  ဘာသာရပ် ဆိုင်ရာတာဝန်ခံများ        ပါဝင် တက်ရောက်ကြသည်။

 


ပြည်ထောင်စု ဝန်ကြီးသည် အစည်းအဝေးများ   တက်ရောက် ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက် ရှိနေစဉ်ကာလအတွင်း   လူပုဂ္ဂိုလ် များ ယာယီရွှေ့ပြောင်းသွားလာမှု ဆိုင်ရာ     အာဆီယံသဘောတူ စာချုပ်ကို  ပြင်ဆင်သည့်အခြေပြ စာချုပ်တွင်           ပါဝင်လက်မှတ် ရေးထိုးသည်။


ပါဝင်တက်ရောက် 


ထို့ပြင် ပြည်ထောင်စုဝန်ကြီး သည် နိုဝင်ဘာ ၉ ရက် နံနက်ပိုင်း က အာဆီယံ စီးပွားရေးအကြံပေး ကောင်စီ ၂၀၂၂ ခုနှစ်  အလှည့်ကျ ဥက္ကဋ္ဌက   ဦးဆောင်ကျင်းပသည့် Gala Dinner နှင့် စီးပွားရေးဆုများ ချီးမြှင့်သည့်အစီအစဉ်တွင် ပါဝင် တက်ရောက်သည်။ 

 


ပြည်ထောင်စု       ဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည်   ကမ္ဘောဒီးယား နိုင်ငံမှမထွက်ခွာမီ   ယနေ့နံနက် ပိုင်းတွင်  ကျင်းပသည့်   အကြိမ် (၄၀) နှင့်   (၄၁)  ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့           ပါဝင် တက်ရောက်သည်။  

သတင်းစဉ်