စစ်ကိုင်းမြို့နယ် လူမှုဖူလုံရေးအဖွဲ့မှ အကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနား ကျင်းပ

 

စစ်ကိုင်း   နိုဝင်ဘာ   ၁၀


စစ်ကိုင်းမြို့နယ်  လူမှုဖူလုံရေးအဖွဲ့ရုံးတွင်  အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့မီးရထား ဒီဇယ်(ရွာထောင်)မှ အာမခံအလုပ်သမား ဦးရှိူင်းဘိုဘို ကျော်သည်   အလုပ်တာဝန်ထမ်းဆောင်နေစဉ်    ဓာတ်လိုက်သေဆုံးခဲ့ခြင်း အတွက် ကျန်ရစ်သူမိသားစုများအား ၂၀၁၂ ခုနှစ်  လူမှုဖူလုံရေးဥပဒေ နှင့်အညီ ငွေကျပ် ၈၁ သိန်း ထုတ်ပေးသည့် အခမ်းအနားကို နိုဝင်ဘာ ၉ ရက်က မြန်မာ့မီးရထားဒီဇယ်(ရွာထောင်)ခန်းမ၌ ကျင်းပသည်။

 


ဆွေနွေးပြောကြား


အခမ်းအနားတွင်      မြို့နယ်လူမှုဖူလုံရေးရုံး     ဦးစီးအရာရှိက အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသည့်အခါ အာမခံထားသူမသေဆုံးမီက ပေးသွင်းခဲ့သော လေးလအတွင်းရရှိသည့် ပျမ်းမျှလုပ်ခအပေါ် မူတည် ၍ အကျိုးခံစားခွင့်ရှိကြောင်း၊ ထည့်ဝင်ကြေးငွေကို  လပေါင်း ၆၀ နှင့် အောက်ပေးသွင်းထားပါက ပျမ်းမျှလုပ်ခ၏ အဆ ၃၀၊ လပေါင်း ၆၀ အထက်မှ ၁၂၀ အထိ ပေးသွင်းပါက ပျမ်းမျှလုပ်ခ၏ အဆ ၅၀၊ လပေါင်း ၁၂၀ အထက်မှ ၂၄၀ အထိ ပေးသွင်းပါက ပျမ်းမျှလုပ်ခ၏  အဆ ၆၀ ၊ လပေါင်း  ၂၄၀   အထက်  ပေးသွင်းပြီးပါက  ပျမ်းမျှလုပ်ခ၏ အဆ ၈၀ အကျိုးခံစားခွင့်ရှိကြောင်း၊  အာမခံထားသူက အမည်စာရင်းပေးသွင်း ထားသူ(သို့မဟုတ်)    ထိုသူမရှိခဲ့လျှင်   သေဆုံးသူ၏   ဇနီး၊   ခင်ပွန်း၊ သားသမီး၊ ထိုသူများမရှိမှသာ မိခင်၊ဖခင်တို့ ခံစားခွင့်ရှိကြောင်း ဆွေးနွေး ပြောကြားသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျန်ရစ်သူမိသားစုအား အကျိုးခံစားခွင့်ကို လက်ရောက်ပေးအပ်ခဲ့သည်။


ခရိုင် (ပြန်/ဆက်)