မြန်မာ - ရုရှား နှစ်နိုင်ငံအကြား စီးပွားရေး၊ ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

 

နေပြည်တော်  နိုဝင်ဘာ   ၉ 


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန        ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည်     ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီး မြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ ညွှန်ကြား  ရေးမှူး   မစ္စတာ အလက်ဇန်းဒါး  ဆာဂီးအ်ဗစ်ရှ်     ရှာတီရော့ဗ်  ဦးဆောင်သော    ကိုယ်စားလှယ်  အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲ  တွင် နေပြည်တော်ရှိ စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌     လက်ခံတွေ့ဆုံ သည်။

 


ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ နှင့် ရုရှားနိုင်ငံတို့အကြား စီးပွား ရေး၊ ငွေရေးကြေးရေးနှင့် ဘဏ္ဍာ ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် နိုင်မည့်         အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ     ဆွေးနွေးခဲ့ ကြသည်။

 


တွေ့ဆုံပွဲ    အခမ်းအနားသို့ စီမံကိန်းနှင့်    ဘဏ္ဍာရေးဝန်ကြီး ဌာန  ဒုတိယဝန်ကြီးများဖြစ်ကြ  သော      ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊  မြန်မာနိုင်ငံ တော်ဗဟိုဘဏ်     ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန၊  လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့မှ ဌာနဆိုင်ရာအကြီး အကဲများ       တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။    

သတင်းစဉ်