သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းသို့ ဆွမ်းအလှူငွေလှူဒါန်း

 

မန္တလေး နိုဝင်ဘာ  ၁


သာသနာရေးနှင့်   ယဉ်ကျေးမှု ဝန်ကြီးဌာန    သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး ကျောင်း ထိုင်ဘုန်းကြီး သင်တန်းကျောင်း သို့ လစဉ်ထာဝရဆွမ်းအလှူငွေ လှူဒါန်းခြင်းကို နိုဝင်ဘာ ၁ ရက် က    ယင်းကျောင်းတွင်   ပြုလုပ် သည်။

 


ဆွမ်းအလှူငွေ လှူဒါန်းခြင်း တွင် သာသနာတော် ထွန်းကားပြန့် ပွားရေးဦးစီးဌာနမှ    မန္တလေးတိုင်း ဒေသကြီး ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းသို့       လစဉ် ထာဝရဆွမ်းအလှူငွေ   လှူဒါန်း ခြင်းအဖြစ် (၂၀၂၂ ခုနှစ် အောက်တို ဘာလ)    အတွက်     ငွေကျပ် ၁၅ သိန်းကို သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန   (မန္တလေး)မှ ဒေါ်အိအိခိုင်(စာရင်းကိုင်-၁)က ပေးအပ်လှူဒါန်းရာ        သင်တန်း ကျောင်း၊ ဥပတ္ထမ္ဘကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ သီဟသုဓမ္မမဏိဇောတဓရ ဦးချစ်ထွန်းက    လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ     ပြန်လည် ပေးအပ်ကြောင်း သိရသည်။


သတင်းစဉ်