ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်း အဖွဲ့အစည်းအဝေး (၁/၂၀၂၂) ကျင်းပ

 

နေပြည်တော်    နိုဝင်ဘာ    ၁


ငွေကြေးခဝါချမှုနှင့်    အကြမ်းဖက်မှုကို    ငွေကြေး ထောက်ပံ့မှု   တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့    အစည်း အဝေး (၁/၂၀၂၂) ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ  မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။

 


အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က မြန်မာနိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက် ရမည့် Action Plan  ၁၁ ချက်အပေါ် သက်ဆိုင်ရာ ဌာနများ၏   ဆောင်ရွက်ထားရှိမှုများ၊   ဆက်လက် ဆောင်ရွက်ရမည့်အချက်များ၊     ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့်အချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။

 


ထို့နောက်   လုပ်ငန်းအဖွဲ့ဒုတိယဥက္ကဋ္ဌ၊   အတွင်း ရေးမှူး၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက Action Plan  အချက် ၁၁ ချက်အနက် နိုဝင်ဘာလအတွင်း အပြီးသတ် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အချက်  ၄  ချက်ဖြစ်သည့်     အဓိကနယ်ပယ်များရှိ ငွေကြေးခဝါချမှုအန္တရာယ်များကို  နားလည်သိရှိမှုတိုးတက်ကြောင်းပြသရန်၊  ကျောက်မျက်၊ ရွှေရောင်း  ဝယ်သူများ၊ အိမ်ခြံမြေကတို့အား ဆုံးရှုံးနိုင်ခြေအန္တရာယ်အခြေပြု  ကွင်းဆင်း/ရုံးထိုင်  စစ်ဆေးမှု များ ဦးစားပေးဆောင်ရွက်ရန်၊ အသိပညာဖြန့်ဝေခြင်း၊ မှတ်ပုံတင်ခြင်းနှင့်  ကြီးကြပ်ခြင်းအပါအဝင် ဟွန်ဒီ လုပ်ငန်းများနှင့်   ဆက်စပ်သည့်  စည်းမျဉ်းများကို  အကောင်အထည်ဖော်ဆောင်မှုပြုလုပ်ရန်၊ လူအများ အပြား သေကျေစေသည့် လက်နက်များပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုအပေါ် ဘဏ္ဍာရေးအရ ပစ်မှတ် ထား    အရေးယူမှုဆိုင်ရာ   တာဝန်ဝတ္တရားများနှင့် ပတ်သက်၍ သတင်းပို့အဖွဲ့အစည်းများအား အသိ ပညာပေးသည့်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် နှင့် ၎င်းတို့ကို ကြီးကြပ်ဆောင်ရွက်မှုတိုးမြှင့် ပြုလုပ် ရန်ကိစ္စရပ်များနှင့်   ဆက်လက်ဆောင်ရွက်ရမည့် အချက်များကို     ရှင်းလင်းဆွေးနွေးတင်ပြကြရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်   ဥက္ကဋ္ဌနှင့်   တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

 


အစည်းအဝေးသို့  မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်၊   ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံး၊     အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီး ဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ    ညွှန်ကြားမှုဦးစီးဌာန၊   ဥပဒေရေးရာ ဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ် ရေးလုပ်ငန်း၊     သစ်တောဦးစီးဌာန၊    ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊    မြန်မာနိုင်ငံတော်    ဗဟိုဘဏ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (နိုင်ငံဖြတ်ကျော်မှုခင်း ဌာနကြီး)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် (မှုခင်းနှင့် ဥပဒေရေးရာဌာနကြီး)၊    မူးယစ်ဆေးဝါး  တားဆီး နှိမ်နင်းရေး    ရဲတပ်ဖွဲ့နှင့်   ငွေကြေးဆိုင်ရာ   စုံစမ်း ထောက်လှမ်းရေးအဖွဲ့တို့မှ  တာဝန်ရှိသူများ တက် ရောက်ကြသည်။                    
     

သတင်းစဉ်