ရန်ကုန် နိုဝင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များသည် အောက်တိုဘာ ၃၁ ရက်က အလုံ မြို့နယ် ရန်ကုန်လျှပ်စစ်ဓာတ်အားပေရေး ကော်ပိုရေး ရှင်းရုံး၏ ကွန်ထရိုးစင်တာမှ Advanced Metering Infrastructure (AMI) စနစ်ဖြင့် လုပ်ငန်းဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့အား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပန်းဘဲတန်းမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်တို့ကို AMI စနစ်ဖြင့် ဆောင် ရွက်ပြီးစီးမှုနှင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ ရန်ကုန်မြို့ အတွင်း(AMI)စနစ်သုံးမီတာများ ရာနှုန်းပြည့် ပြောင်းလဲတပ်ဆင်နိုင်ရေးဆောင်ရွက်ရန် လမ်းညွှန် ချက်အရ ကော့မှူး၊ သုံးခွ၊ တံတား၊ ကိုကိုးကျွန်း၊ လှိုင်သာယာအရှေ့ပိုင်းနှင့် အနောက်ပိုင်း၊ သန်လျင်၊ ခရမ်း၊ လက်ခုပ်ကုန်း၊ အဖျောက်၊ ဒဂုံမြို့သစ်တောင် ပိုင်း၊ လမ်းမတော်၊ လသာ၊ ကျောက်တံတား၊ ပုဇွန် တောင်၊ ဗိုလ်တထောင်နှင့် သာကေတမြို့နယ်များကို AMI စနစ်ထပ်မံတိုးချဲ့ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေမှုများ၊ AMI စနစ်လဲလှယ်ဆောင်ရွက်ရာတွင် တပ်ဆင်အသုံးပြု ရမည့် အိမ်သုံးမီတာ၊ ပါဝါမီတာ၊ စီတီမီတာနှင့် ဆက်စပ်ပစ္စည်းလိုအပ်မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌက Analog Meter များ ကို Digital Meter အဖြစ် လဲလှယ်တပ်ဆင်ရာတွင် အသုံးပြုထားသည့် မီတာ၏ အတွင်းအစိတ်အပိုင်း များ လုံးဝပြုပြင်ပြောင်းလဲရန်မလိုအပ်ဘဲ ပေါင်းစပ် အသုံးပြုနိုင်ခြင်း၊ နည်းပညာအခြေခံသည့်စနစ်ဖြစ်၍ ဝန်ထမ်းအင်အားအနည်းငယ်ဖြင့် ဆောင်ရွက်နိုင် ခြင်း၊ လူကြောင့်ဖြစ်သော မှားယွင်းမှုမရှိနိုင်ခြင်း၊ နေ့စဉ် ကောက်ခံရရှိငွေကို အချိန်နှင့်တစ်ပြေးညီသိရှိနိုင်၍ ငွေကြေးမသမာမှုနှင့် အလွဲသုံးစားပြုမှုမှ ကာကွယ် နိုင်ခြင်း၊ စနစ်အတွင်း ပါရှိသည့် Software များကို Myanmar Unicode (Pyidaungsu Font) ဖြင့် ရေးဆွဲထားသည့်အတွက် အသုံးပြုရန်လွယ်ကူခြင်း၊ ဓာတ်အားသုံးစွဲသူ သန်း ၁ဝဝ အထိ အသုံးပြုနိုင်စေ ရန် စီမံဆောင်ရွက်ထားသောစနစ်ဖြစ်ပြီး ဘဏ်များ နှင့်ချိတ်ဆက်၍ ဓာတ်အားခ ပေးချေနိုင်သည့် Software များ ရေးဆွဲထားပြီးဖြစ်သည့်အတွက် အနာဂတ်ကာလများစွာအထိ အဆင်ပြေစွာ အသုံးပြု နိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်း ဒေသကြီးဝန်ကြီးချုပ်က ဓာတ်အားသုံးစွဲသူပြည်သူ များကို ထိရောက်ကောင်းမွန်သော ဝန်ဆောင်မှု အပြည့်အဝ ဖြည့်ဆည်းပေးနိုင်သောစနစ်ဖြစ်၍ လုပ်ငန်းများကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက် ကြရန်နှင့် လိုအပ်သည်များမှာကြားပြီး လုပ်ငန်းခွင် အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)



