နေပြည်တော် အောက်တိုဘာ ၂၉
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ ဝင်/ဝန်ထမ်း၊ အရာထမ်း၊ အမှု ထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း ခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ ထူးကြီး ကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ တောင်ညို တောရကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်ရှိ တိပိဋက မဟာဂန္တဝင်နိကာယ်ကျောင်း တိုက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ ပညာရာမပရိယတ္တိ စာသင်တိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ ရွှေဥမင်ဓမ္မသုခ တောရရိပ်သာနှင့် ပရိယတ္တိစာသင်တိုက်၊ သာကေတ မြို့နယ်ရှိ ဓမ္မသုခဝိပဿနာ ကျောင်းတိုက်၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ ဓမ္မဝံသ (ဓမ္မဝုန်း) ကျောင်းတိုက်၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ်ရှိ မောင်းထောင် ကျောင်းတိုက်တို့ သို့ ဆွမ်းဆန်တော်များကို လည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ ဇောင်ကြမ်းပင် ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသ ကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ အောင်ချမ်းသာ ကျောင်းတိုက်၊ အောင်မြေသာစံမြို့နယ်ရှိ မဟာ ဝိသုတာရာမ ကျောင်းတိုက်၊ ရှမ်း ပြည်နယ် တောင်ကြီးမြို့နယ်ရှိ အောင်မင်္ဂလာကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ မန်ဆူဘုရားကြီး ကျောင်းတိုက်တို့သို့ ဆန်ကြာဆံ များကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ပြည်ထဲ ရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာန များမှ သက်ဆိုင်ရာနေပြည်တော် ကောင်စီနယ်မြေနှင့် တိုင်းဒေသ ကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူ များက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်



