ပုဗ္ဗသီရိမြို့နယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းရည်မြင့်မားရေး အလုပ်ရုံဆွေးနွေး

ပုဗ္ဗသီရိ   အောက်တိုဘာ   ၂၉ 
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၌ ၂ဝ၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း အခြေခံပညာ အထက် တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီး များ၏ ပညာရေးစီမံခန့်ခွဲမှု စွမ်းရည်မြင့်မား ရေးအတွက်           အလုပ်ရုံဆွေးနွေးပွဲကို  အောက်တိုဘာ  ၂၈  ရက်က      အမှတ်  (၁၃) အခြေခံပညာအထက်တန်းကျောင်း    စုဝေး သဘင်ခန်းမ၌ ကျင်းပသည်။ 
အလုပ်ရုံဆွေးနွေးပွဲတွင်  ဇေယျာသီရိခရိုင်  ပညာရေးမှူး     ဦးရဲသူရခင်စိုးက  အခြေခံ ပညာကျောင်းများ၏      သင်ကြားသင်ယူမှု လုပ်ငန်းများ  တိုးတက်ကောင်းမွန်လာစေရန်၊ အခြေခံပညာကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲ မှု    စွမ်းဆောင်ရည်     ပိုမိုမြင့်မားလာစေရန် အခြေခံပညာဦးစီးဌာန၏ စီမံ၊ ဘဏ္ဍာ၊ ပညာ၊  စစ်ဆေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက် နိုင်စေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း  အမှာစကားပြောကြားသည်။ 
အဆိုပါ          အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၂၈ ရက်နှင့် ၂၉ ရက် နှစ်ရက် တာပြုလုပ်ပြီး ဆွေးနွေးပွဲတွင် မြို့နယ်အတွင်း ရှိ အခြေခံပညာကျောင်းပေါင်း ၅၉ ကျောင်းမှ အထက်တန်း၊    အလယ်တန်း၊   မူလတန်း ကျောင်းအုပ်ဆရာကြီး ဆရာမကြီး ၅၉ ဦးတို့ ကို နည်းပြ ဆရာကြီး ဆရာမကြီး သုံးဦးက ပညာရေးစီမံခန့်ခွဲမှု         စွမ်းရည်မြင့်မားရေး ဆိုင်ရာများကို  ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သိရသည်။
သားငယ်(ပုဗ္ဗသီရိ)