တမူးမြို့ စော်ဘွား(၅)ရပ်ကွက်ရှိ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံးကို PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

 

နေပြည်တော် အောက်တိုဘာ  ၂၉


အကြမ်းဖက်    အဖွဲ့အစည်းများ ဖြစ်သည့် CRPH ၊ NUG နှင့် PDF အကြမ်းဖက်       သမားများသည်  တိုင်းပြည်   တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို   ပျက်ပြား စေရန်ရည်ရွယ်ချက်ဖြင့်    ရုံးဌာန အဆောက်အဦများ၊     စာသင် ကျောင်းများ၊      အများပြည်သူ နေထိုင်လျက်ရှိသော  နေအိမ်များ၊ လမ်း၊    တံတားများကို     မီးရှို့ ဖျက်ဆီးခြင်း၊  မိုင်းထောင်ဖောက်ခွဲ ခြင်း  စသည့်နည်းလမ်းမျိုးစုံအသုံး ပြုကာ     နှောင့်ယှက်ဖျက်ဆီးလျက် ရှိသည်။

 


ထိုသို့     ဆောင်ရွက်လျက်ရှိ ရာ   အောက်တိုဘာ   ၂၈   ရက်က စစ်ကိုင်းတိုင်းဒေသကြီး   တမူးမြို့ စော်ဘွား(၅)ရပ်ကွက်ရှိ  ပို့ဆောင် ရေးစီမံကိန်း     ဦးစီးဌာနရုံးအား  PDF အမည်ခံ   အကြမ်းဖက်သမား များက     မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

 


မီးလောင်ပျက်စီးဆုံးရှုံး


ဖြစ်စဉ်မှာ  တမူးမြို့  စော်ဘွား (၅)ရပ်ကွက်ရှိ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနရုံးသို့ အောက်တိုဘာ ၂၈ ရက် ညနေ ၄ နာရီ မိနစ်  ၂၀  ခန့် တွင် PDF အမည်ခံ   အကြမ်းဖက် သမားများက    ရောက်ရှိလာပြီး  ၎င်းတို့  အသင့်ယူဆောင်လာသည့် ဓာတ်ဆီပုလင်းများဖြင့်     လောင်း ၍  မီးရှို့ဖျက်ဆီးခဲ့ပြီး  ထွက်ပြေး သွားခဲ့ကြောင်း၊   PDF   အမည်ခံ အကြမ်းဖက်သမားများ၏  မီးရှို့ ဖျက်ဆီးမှုကြောင့်     မီးလောင်နေ သည့်  ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံးအား    နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့ဝင် များက      မီးသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်      တစ်စီးတို့ဖြင့် သွားရောက်      မီးငြှိမ်းသတ်ခဲ့ရာ ညနေ  ၅ နာရီ    ၁၀   မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် မီးလောင် မှုကြောင့် အလျား ပေ ၃၀ ၊ အနံ ပေ၂၀ ခန့်ရှိ  နှစ်ထပ်တိုက်သွပ်မိုး၊ အုတ်ကာ     ရုံးအဆောက်အဦ တစ်လုံး   မီးလောင်ပျက်စီးဆုံးရှုံး ခဲ့သည်။

 


စုံစမ်းဖော်ထုတ်


ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ များအား    ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေး ယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း  သတင်းရရှိသည်။    

  
 သတင်းစဉ်