
နေပြည်တော် အောက်တိုဘာ ၂၈
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၇ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ မင်းဘူး မြို့နယ် ကန်ရေတိုးဂိတ်အနီး၊ မင်းဘူး-ပဒါန်း ကားလမ်းမကြီး ဘေး၌ တရားမဝင် ရေနံစိမ်း ၄၈ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၂၀၀၀)နှင့် အဆိုပါရေနံစိမ်းများ တင်ဆောင်လာသည့် မော်တော် ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၃၁၂၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပြည်သူပိုင် ပစ္စည်းကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။
အလားတူ ချင်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင် သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ဟားခါးမြို့ ဈေးသစ်ရပ်ကွက် ဗိုလ်ချုပ်လမ်း နာရီစင် လမ်းဆုံတွင် Nissan X-Trail အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
ထို့ပြင် အောက်တိုဘာ ၂၈ ရက်တွင် ကရင်ပြည်နယ် တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ် တစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် မော်တော် ကားတာယာများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၇၀၀၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ တနင်္သာရီတိုင်း ဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ထားဝယ်ခရိုင် ရေဖြူမြို့နယ် မလွှဲတောင်ပူးပေါင်း စစ်ဆေးရေးဂိတ်၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်မြို့ဘက်မှ မော်လမြိုင်မြို့ဘက်သို့ မောင်းနှင် လာသော မော်တော်ယာဉ်တစ်စီး ပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံ ထုတ်ဆေးဝါးများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၄၉၇၂၄၀၀) နှင့် အဆို ပါ တရားမဝင် ဆေးဝါးများ တင်ဆောင်လာသော မော်တော် ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၄၉၇၂၄၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အမျိုးသားဆေးဝါး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
ယင်းအပြင် ပဲခူးတိုင်းဒေသ ကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်လေးပင် ခရိုင် ကျောက်တံခါးမြို့နယ် အတွင်း တရားမဝင် ကျွန်းသစ် ၀ ဒသမ ၄၅၀၂ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၉၇၁၃၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ငါးမှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁၂၈၁၅၃၂ ဖြစ်ကြောင်း တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်