ကျောက်ဆည် အောက်တိုဘာ ၂၇
မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ အောက်တိုဘာ ၂၇ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီမှ ကျောက်ဆည်မြို့နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရသူများ/သေဆုံး သူများအား ရွှေဖြင့်ပြုလုပ်ထား သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင် တံဆိပ်ဖြစ်သည့် ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုလွှာများ ချီးမြှင့်ပေးအပ်ပွဲ ကျင်းပသည်။
ဂုဏ်ပြုချီးမြှင့်ပွဲတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦး က အမှာစကား ပြောကြားခဲ့ပြီး အကြမ်းဖက် ဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်လုံ နိုင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ထင်အောင်နှင့် သေဆုံး သွားခဲ့သည့် သင်ပျိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းဌေး၊ ဆယ်အိမ်မှူး ဦးမောင်ဇော် (ခ) ကျော်ငွေ၊ ဒါန်းတိုင်ကျေးရွာအုပ်စု ဒါန်းတိုင်ကျေးရွာ ရာအိမ်မှူး ဦးကျော်စိုး၊ လက်ပန်ကျေးရွာ ရာအိမ်မှူး ဦးစိုးလွင်ဦးတို့အား နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီမှ ပေးအပ်ချီးမြှင့်သည့် ရွှေဖြင့်ပြုလုပ်ထားသော မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည် သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ် သည့် ရဲဗလတံဆိပ်နှင့် ဂုဏ်ပြု လွှာများကို မိသားစုဝင်များ လက်ဝယ်အရောက် ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)



