တရားမဝင် သစ်မျိုးစုံ၊ ဆက်သွယ်ရေးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   အောက်တိုဘာ   ၂၅


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး      ဦးဆောင် ကော်မတီ၏    ကြီးကြပ်ကွပ်ကဲမှုဖြင့်    တရားမဝင် ကုန်သွယ်မှုများကို     ဥပဒေနှင့်အညီ   ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး        ဆောင်ရွက်လျက်ရှိရာ တွင်     နေပြည်တော်ကောင်စီနယ်မြေ  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူးအဖွဲ့၏  စီမံခန့်ခွဲမှု ဖြင့်  သစ်တောဦးစီးဌာနဦးဆောင်သော  ပူးပေါင်းအဖွဲ့ က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ  အောက်တိုဘာ ၂၀ ရက်မှ ၂၃ ရက်အတွင်း ပျဉ်းမနားမြို့နယ် လယ်ဝေး မြို့နယ်နှင့်   ဥတ္တရသီရိမြို့နယ်တို့တွင်  တရားမဝင် သစ်မျိုးစုံ ၈ ဒသမ  ၅၃၆၂ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၃၈၄၀)ကို    ဖမ်းဆီးရမိခဲ့ပြီး  သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


ထို့ပြင် အောက်တိုဘာ ၂၂ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏     စီမံခန့်ခွဲမှုဖြင့်   ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊  လေဆိပ်ကုန်လှောင်ရုံ၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စာရွက်စာတမ်း  အထောက်အထား တင်ပြနိုင်ခြင်းမရှိ သည့်    ဆက်သွယ်ရေးပစ္စည်းများ   (ခန့်မှန်းတန်ဖိုး ငွေကျပ်   ၂၅၀၀၀၀၀) ကို    သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ   အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


အလားတူ     အောက်တိုဘာ   ၂၄   ရက်တွင်  အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည် နယ်    မရမ်းချောင်အမြဲတမ်း    စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ   မြဝတီမြို့မှ   ရန်ကုန်မြို့သို့   သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်၌   သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသော   ဆပ်ပြာမှုန့် ထုပ်    ၃၇၀၀    ကီလိုဂရမ်    (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၄၂၅၀၀)နှင့်   အဆိုပါပစ္စည်းများ တင်ဆောင်လာ သည့်    နောက်တွဲယာဉ်ပါ  Nissan  Diesel Tractor Head တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၀၀၀၀၀၀)  စုစုပေါင်း   ခန့်မှန်းတန်ဖိုးငွေကျပ်    ၁၁၆၉၄၂၅၀၀ ကို   ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


ယင်းအပြင်     ကရင်ပြည်နယ်     တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူးအဖွဲ့၏  စီမံခန့်ခွဲမှု ဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၄ ရက်တွင် သံလွင်တံတား(ဘားအံ) စုပေါင်းစစ်ဆေး ရေးဂိတ်၌    တာဝန်ကျပူးပေါင်းအဖွဲ့က     ဘားအံမှ သထုံသို့     သွားရောက်မည့်    မော်တော်ယာဉ်တစ်စီး ပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဘီယာ  ဖာ ၁၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀)နှင့်  အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter အမျိုးအစား  မော်တော်ယာဉ်တစ်စီး   (ခန့်မှန်းတန်ဖိုး ငွေကျပ်  ၁၇၀၀၀၀၀၀)ကို လည်းကောင်း(အပေါ်ယာပုံ)၊ အောက်တိုဘာ ၂၅ ရက်တွင်  ကော့ကရိတ်(တံတား ကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်း အဖွဲ့က  မော်တော်ယာဉ်တစ်စီးပေါ်၌  စာရွက်စာတမ်း    အထောက်အထား    တစ်စုံတစ်ရာ     တင်ပြနိုင်ခြင်း မရှိသည့်       ဆိုင်ကယ်တာယာများ     (ခန့်မှန်းတန်ဖိုး ငွေကျပ်   ၁၆၀၀၀၀၀)ကို  လည်းကောင်း၊    စုစုပေါင်း     ခန့်မှန်းတန်ဖိုးငွေကျပ်     ၂၁၆၀၀၀၀၀   ကို     ဖမ်းဆီး ရမိခဲ့ပြီး      အကောက်ခွန်      လုပ်ထုံးလုပ်နည်းနှင့်အညီ        အရေးယူဆောင်ရွက်လျက်ရှိသည်။

 


ထို့ပြင်     ပဲခူးတိုင်းဒေသကြီး    တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး   အထူးအဖွဲ့၏  စီမံခန့်ခွဲ မှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၃ ရက်နှင့် ၂၅ ရက်တို့တွင် တိုင်းဒေသကြီး သစ်တော ဦးစီးဌာနဦးဆောင်သော      ပူးပေါင်းအဖွဲ့များက တောင်ငူခရိုင်   ညောင်လေးပင်ခရိုင်နှင့်   ပြည်ခရိုင် များအတွင်း တရားမဝင် သစ်မျိုးစုံ ၃၄ ဒသမ ၅၈၇၈ တန်    (ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၉၉၄၈၃၀၂)ကို သစ်တောဥပဒေအရ လည်းကောင်း၊ အောက်တိုဘာ ၂၅ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းအဖွဲ့က   မုန်းမြို့နယ်အတွင်း Honda CR-V အမျိုးအစား       လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀)  ကို    ပို့ကုန် သွင်းကုန်ဥပဒေအရ    လည်းကောင်း၊    စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်   ၂၃၉၄၈၃၀၂  ကို   ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်ပါ၍  အောက်တိုဘာ  ၂၀ ရက်၊ ၂၁ ရက်၊ ၂၂ ရက်၊ ၂၃  ရက်၊   ၂၄  ရက်နှင့်   ၂၅  ရက်တို့တွင် ဖမ်းဆီးရမိမှု အမှုတွဲ ၁၆ မှု၊  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၅၃၈၄၆၄၂)  ဖြစ်ကြောင်း  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်