ပုလောမြို့နယ် မဒေါင်ကျေးရွာနှင့် ပိတတ်ကျေးရွာကြားရှိ ကျေးရွာချင်းဆက် သံပေါင်ဘေလီတံတားကို PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီး

 

နေပြည်တော် အောက်တိုဘာ  ၂၂


တနင်္သာရီတိုင်း        ဒေသကြီး      ပုလောမြို့နယ်အတွင်း        နယ်မြေ လုံခြုံရေး ဆောင်ရွက်လျက်ရှိသော  တပ်ဖွဲ့ဝင်များကို   ယနေ့နံနက် ၁   နာရီခွဲခန့်တွင်  တိုကျေးရွာအုပ်စု   ပိတတ်ကျေးရွာအနီး  တစ်ဝိုက် တွင်  ပေါက်ကွဲသံ    တစ်ချက် ကြားရကြောင်း တာဝန်သိပြည်သူ တစ်ဦးက   သတင်းပေးပို့လာခဲ့ သည်။

 


အဆိုပါ    တာဝန်သိပြည်သူ တစ်ဦး၏ သတင်းပေးပို့မှုကြောင့်  ယနေ့နံနက်ပိုင်းတွင်       လုံခြုံရေး တပ်ဖွဲ့ဝင်များက   သွားရောက် စစ်ဆေးခဲ့ရာ  ပုလောမြို့နယ်၏ တောင်ဘက်  မီတာ ၁၂၀၀၀    ခန့် အကွာ  မဒေါင်ကျေးရွာနှင့်ပိတတ် ကျေးရွာကြားရှိ ကဒဲချောင်းကူး (ဒေသအခေါ်   ပိတတ်ချောင်း)            ကျေးရွာချင်းဆက် သံပေါင်ဘေလီ အမျိုးအစား   (တံတား အကျယ် ၁၂ ပေ၊  အရှည် ပေ ၄၂၀ )ကို  PDF မည်ခံအကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးထားသည်ကို တွေ့ ရှိရပြီး တံတားကြမ်းခင်းသံပြား  လေးချပ်ပြုတ်ထွက်   ပျက်စီးခဲ့ ကြောင်း တွေ့ရှိရသည်။  အကြမ်း ဖက်သမားများအနေဖြင့် ကျေးရွာ သူ/ကျေးရွာသားများ သွားလာမှု ခက်ခဲစေရန်နှင့်       အထိတ်တလန့် ဖြစ်ပြီး         ကြောက်ရွံ့လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့  ဖောက်ခွဲ ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ အဆိုပါ မိုင်းခွဲဖျက်ဆီးမှုကြောင့်   လက်ရှိ တွင်   မော်တော်ယာဉ်များ သွား လာ၍ မရဘဲ မော်တော်ဆိုင်ကယ် များသာ သွားလာနိုင်ကြောင်းနှင့် တံတားပျက်စီးမှုကို ပုလောမြို့နယ်      ကျေးလက်လမ်း    ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်  ဝန်ထမ်းများ က     အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆက်လက်   ဆောင်ရွက်လျက်ရှိ ကြောင်း  သတင်းရရှိသည်။


သတင်းစဉ်