သရက်ချောင်းမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

 

နေပြည်တော်  အောက်တိုဘာ  ၂၁


နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ် ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှု မဖြစ်ပေါ်စေရေး အတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင် စေရန်   ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို  အင်တိုက်အားတိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 


သို့ရာတွင် NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ ၏ ပညာသင်ကြားသင်ယူခွင့်အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့ လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များ ဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီး ခြင်း၊   အတင်းအဓမ္မလုယူခြင်း  စသည့်နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၀ ရက် ည ၁၀ နာရီ မိနစ် ၅၀  တွင် တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် အောက် သရက်ချောင်းကျေးရွာနေ ဝဲပကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာဖြစ်သည့် ဦးနောင်နောင်စိုး(၄၀)နှစ် (ဘ)ဦးလှစိုး သည်   ၎င်း၏နေအိမ်၌   မိသားစုနှင့်အတူ  ရှိနေစဉ်  PDF  အမည်ခံ အကြမ်းဖက်သမား ၁၀ ဦးခန့်က ၎င်း၏နေအိမ်အတွင်း ဝင်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ်ပြီးနောက် အကြမ်းဖက်သမားများသည် အဆိုပါ ကျေးရွာနေ ဦးစိုးထိုက် (၃၇)နှစ် (ဘ)ဦးစိုးမြင့်၏ နေအိမ်သို့ထပ်မံ ဝင်ရောက်ကာ   ဦးစိုးထိုက်အား   သေနတ်ဖြင့်  ပစ်ခတ်သတ်ဖြတ်ပြီး ပြန်လည်ထွက်ခွာသွားခဲ့သဖြင့်   ဦးနောင်နောင်စိုးတွင်   ဦးခေါင်းနှင့် ရင်ဘတ်၌ ကျည်ထိမှန်ဒဏ်ရာ  နှစ်ချက်ရရှိကာ  အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဦးစိုးထိုက်တွင် ဝမ်းဗိုက်နှင့်ဝဲပေါင်တို့၌ ကျည်ထိမှန်ဒဏ်ရာ နှစ်ချက်ရရှိခဲ့သဖြင့် ထားဝယ်ခရိုင်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။ 

 


ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံး အနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန် ခဲ့သည့် ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် အကြမ်းဖက် အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံ ရေး၊ အနာဂတ်ရင်သွေးငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြ ပါရန် မေတ္တာရပ်ခံတိုက်တွန်းထားကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်