ချင်းပြည်နယ် ဟားခါးမြို့ ထာရ်(၁)ရပ်ကွက်ရှိ ခရိုင်မီးသတ်ရုံးကို CDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်၊ မော်တော်ယာဉ်များ မီးရှို့ဖျက်ဆီး

 

နေပြည်တော်    အောက်တိုဘာ   ၁၅


အကြမ်းဖက်သမားများအနေဖြင့် တည်ငြိမ်အေးချမ်း မှုကို   ပျက်ပြားစေရန်နှင့်   ပြည်သူလူထု  အထိတ် တလန့်ဖြစ်စေရန်    ရည်ရွယ်၍  လက်ပစ်ဗုံးများ၊ လက်လုပ်ဗုံးများ၊ လက်လုပ်မိုင်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်များကို    အသုံးပြု၍   အများပြည်သူ သွားလာလှုပ်ရှားနေသော  လမ်းမကြီးများ၊  စာသင် ကျောင်းများ၊ ပြည်သူပိုင်အဆောက်အဦများ၊ အများ ပြည်သူများနှင့် သက်ဆိုင်သည့်နေရာများ၊ စစ်ရေးနှင့် မသက်ဆိုင်သည့် နေရာများ၊ အစိုးရရုံး၊ ဌာနများနှင့် အဆောက်အဦများကို   ဖောက်ခွဲဖျက်ဆီး၊  ပစ်ခတ်၊ တိုက်ခိုက်နှောင့်ယှက်ခြင်းများ      ပြုလုပ်လျက် ရှိသည်။ 

 


ထိုသို့ ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၃ နာရီခန့် တွင် ချင်းပြည်နယ် ဟားခါးမြို့ ထာရ်(၁)ရပ်ကွက်ရှိခရိုင်မီးသတ်ရုံးကို   CDF  အမည်ခံ အကြမ်း ဖက်သမားများက  လက်နက်ကြီး၊  လက်နက် ငယ်များဖြင့်  အကြောင်းမဲ့လာရောက်ပစ်ခတ် တိုက်ခိုက်ပြီး မော်တော်ယာဉ်များ  မီးရှို့ခဲ့သဖြင့် အဆိုပါအနီးတစ်ဝိုက်   လုံခြုံရေးဆောင်ရွက် နေသော  တပ်ဖွဲ့ဝင်များက   ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ထိတွေ့မှု  ဖြစ်ပွား ခဲ့ပြီး အကြမ်းဖက်သမားများ အနောက်မြောက် ဘက်သို့   ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊   ထိုသို့ပစ်ခတ်တိုက်ခိုက် မီးရှို့ဖျက်ဆီးမှုကြောင့် မီးသတ်ရုံးအတွင်းရှိ      မီးသတ်ယာဉ်နှစ်စီး  မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

 


အဆိုပါ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့သည့် CDF အမည်ခံ  အကြမ်း ဖက်သမားများကို  အမြန်ဆုံးဖမ်းဆီးဖော်ထုတ် ၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက်     လုံခြုံရေး တပ်ဖွဲ့ဝင်များက    နယ်မြေလုံခြုံရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။                    

  သတင်းစဉ်