နေပြည်တော် အောက်တိုဘာ ၁၄
စက်မှုဇုန်များ စနစ်တကျဖွံ့ဖြိုး ရေး၊ ဒေသတွင်းမှ ထွက်ရှိသော ကုန်ကြမ်းများကို အသုံးပြု၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုး မြှင့်ဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုး ရေးလုပ်ငန်းများအတွက် လိုအပ် သည့် သွင်းအားစုများအနက် အဓိကတစ်ခုဖြစ်သည့် ဓာတ်မြေ ဩဇာများ ပိုမိုတိုးတက်ထုတ်လုပ် ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင် များ၏အခက်အခဲများကို ပူးပေါင်း ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနိုင် ရေးအတွက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်တို့ သည် ယနေ့ နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှု ဇုန်အတွင်းရှိ ကမ္ဘာကျော် ဓာတ် မြေဩဇာစက်ရုံ၌ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ သည်။
အခမ်းအနားသို့ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဒုတိယမြို့တော်ဝန် ဦးမောင် မောင်၊ ဌာနဆိုင်ရာ အကြီးအကဲ များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ရှင်များ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံရှိ အသေး စား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် တိုင်း ပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုအတွက် အရေးပါသည့်ကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ အသေး စား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒေသတစ်ခု၊ ထုတ်ကုန် တစ်မျိုး ထုတ်လုပ်မှုပုံစံမျိုး ဖြင့် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ ထို့ပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် အကြီးစား စက်မှုလုပ်ငန်းများ ကို ပံ့ပိုးဆောင်ရွက်ပေးနိုင်သည့် အထောက်အကူပြု စက်မှုလုပ်ငန်း များအဖြစ် ပါဝင်ဆောင်ရွက်ပြီး တန်ဖိုးကွင်းဆက်ကို ဖွံ့ဖြိုး တိုးတက်လာစေရန် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း။
အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများအတွက် လိုအပ်သည့် နည်းပညာနှင့် အတိုး နှုန်း သက်သာသည့် ချေးငွေများ ပံ့ပိုးပေးခြင်း၊ ခိုင်မာသော ဈေး ကွက်ဖော်ဆောင်နိုင်ရေး ဆောင် ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော် ၏ စီးပွားရေး အချိုးညီဖွံ့ဖြိုးတိုး တက်လာစေရေးနှင့် ဒေသတွင်း အသေးစား၊ အငယ်စားနှင့်အလတ် စားလုပ်ငန်းများ ပိုမိုရှင်သန် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံတော်နှင့် အသေးစား၊ အငယ် စားနှင့် အလတ်စားလုပ်ငန်းရှင် များအတူ လက်တွဲ၍ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌက စက်မှုဇုန် အတွင်း၌ လက်ရှိလုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းများကို ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေး ဆောင်ရွက်သွား မည်ဖြစ်သလို လုပ်ငန်းလုပ်ကိုင် ခြင်းမရှိသေးသည့် လုပ်ငန်းများကို လည်း အစပျိုးလုပ်ကိုင်နိုင်အောင် လိုအပ်ချက်များကို ဖော်ထုတ်၍ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ စက်မှုဇုန် အတွင်း၌ ကျန်ရှိသည့် မြေကွက် များကိုလည်း အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လိုသည့် လုပ်ငန်း ရှင်များအား စိစစ်၍ ရောင်းချပေး သွားမည်ဖြစ်ကြောင်း၊ စက်မှုဇုန် များ ဖွံ့ဖြိုးတိုးတက်လာမှသာ ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများ တိုးတက်လာမည် ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော၊ ဖွံ့ဖြိုးတိုးတက် ရန် အလားအလာရှိသော ရင်းနှီး မြှုပ်နှံမှုများဖြစ်စေရန် အစိုးရ၊ ဌာနဆိုင်ရာနှင့် လုပ်ငန်းရှင်ဆို သည့် ထောက်တိုင် (၃) ရပ် ဖြင့် ဟန်ချက်ညီညီ ပေါင်းစပ် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာန ဦးစီးမှူးက စက်မှု ဇုန်ဆိုင်ရာ အချက်အလက်များနှင့် စီမံဆောင်ရွက်နေမှု အခြေအနေ တို့ကိုလည်းကောင်း၊ ကမ္ဘာကျော် ဓာတ်မြေဩဇာစက်ရုံမှ တာဝန်ရှိ သူတစ်ဦးက လုပ်ငန်းလည်ပတ် အကောင်အထည်ဖော်ဆောင်ရွက် နေမှု အခြေအနေနှင့် တောင်သူ များအား ဝန်ဆောင်မှုပေးနေမှု အခြေအနေတို့ကိုလည်းကောင်း၊ တက်ရောက်လာသည့် လုပ်ငန်း ရှင်များက ကြုံတွေ့နေရသည့် အခက်အခဲများ၊ လက်ရှိလုပ်ငန်း လည်ပတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများ ကိုလည်းကောင်း ရှင်းလင်းတင်ပြ ရာ ပြည်ထောင်စုဝန်ကြီး၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌနှင့် ဌာနဆိုင် ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ညှိနှိုင်းပေါင်းစပ် ဆောင် ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ တို့သည် ကမ္ဘာကျော် ဓာတ်မြေ ဩဇာစက်ရုံ၊ May LP Agriculture Co., Ltd. ၏ စပ်မျိုးစပါးထုတ်လုပ် ခြင်း၊ ကန်ထရိုက်လယ်ယာစနစ် ဖြင့် မျိုးစပါးစိုက်ပျိုးထုတ်လုပ် ခြင်းလုပ်ငန်းတို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



