
နေပြည်တော် အောက်တိုဘာ ၁၃
၂၀၂၂ ခုနှစ်၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားသည့် ကမ္ဘောဒီးယားနိုင်ငံက ကြီးမှူး၍ (၂၈) ကြိမ် မြောက် အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ (ASCC) ဝန်ကြီးများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ Sokha Phnom Penh Hotel ၌ ကျင်းပပြီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် H.E. Samdech HUN SEN တက်ရောက်၍ ဖွင့်လှစ်ပေးသည်။
အစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ အာဆီယံလူမှု ရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဝန်ကြီးများနှင့် အာဆီယံ အထွေထွေ အတွင်းရေမှူးချုပ်တို့ တက်ရောက်ကြပြီး မြန်မာနိုင်ငံ မှ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီး ဖြစ်သူ သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို ဦးဆောင်၍ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့် အရာရှိကြီးဖြစ်သည့် သမိုင်း သုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးအောင်မြင့်နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနု ပညာတက္ကသိုလ် (ရန်ကုန်) ဒုတိယ ပါမောက္ခချုပ် ဒေါ်ဌေးဌေးဆွေတို့ တက်ရောက်ကြသည်။
(၂၈) ကြိမ်မြောက် အာဆီယံ လူမှုရေး - ယဉ်ကျေးမှု အသိုက် အဝန်းကောင်စီ ဝန်ကြီးများ အစည်းအဝေးကို ကမ္ဘောဒီးယား နိုင်ငံ ပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး H.E Dr. Hang Chuon Naron က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အဖွင့်အမှာစကား ပြောကြားရာ တွင် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် အတွင်း ချမှတ်ထားသော Theme ဖြစ်သည့် ASEAN A.C.T: Addre-ssing Challenges Together ဟူသည့် ဆောင်ပုဒ်နှင့်အညီ အာဆီယံတန်ဖိုးများဆီသို့ အတူ တကွ လက်တွဲလျှောက်လှမ်းရန် ယုံကြည်မှုရှိပါကြောင်း၊ ပဏာမ ခြေလှမ်းများဖြစ်သည့် ပြည်သူ့ ကျန်းမာရေး အရေးပေါ်အခြေ အနေများ၊ သဘာဝဘေးအန္တရာယ် များ၊ ကိုဗစ်-၁၉ ကပ်ရောဂါအလွန် သာတူညီမျှမှုရှိသော ကောင်းမွန် သည့် ပညာရေး စနစ်ရရှိရေး၊ စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံ ရေး၊ သတင်းအချက်အလက်နှင့် ဆိုက်ဘာလုံခြုံရေး ပြဿနာများ အပါအဝင် အနာဂတ်စိန်ခေါ်မှုများ ကို အတူတကွ တုံ့ပြန်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြော ကြားသည်။
(၂၈) ကြိမ်မြောက် အာဆီယံ လူမှုရေး - ယဉ်ကျေးမှု အသိုက် အဝန်းကောင်စီ ဝန်ကြီးများ အစည်းအဝေး၌ အာဆီယံလူမှု ရေး-ယဉ်ကျေးမှု အသိုက်အဝန်း ဆိုင်ရာ မဟာဗျူဟာဆောင်ရွက် မည့် လုပ်ငန်းစဉ်များ၊ အကြိမ် (၄၀) မြောက်နှင့် (၄၁) ကြိမ် မြောက် အာဆီယံထိပ်သီး အစည်း အဝေးများသို့ တင်ပြမည့် အစီရင် ခံစာများအား အတည်ပြုခြင်း၊ (၂၈) ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက် အဝန်းကောင်စီ၏ ပူးတွဲကြေညာ ချက် (မူကြမ်း) ကို အတည်ပြုခြင်း၊ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလအတွင်း ဆောင်ရွက်လျက်ရှိသည့် ဦးစား ပေးလုပ်ငန်းများ တိုးတက်မှုအခြေ အနေနှင့် အကြိမ် (၄၀) မြောက်နှင့် (၄၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးများသို့ တင်သွင်း၍ အတည်ပြုမည့် မှတ်တမ်းမှတ်ရာ (၁၁) ခုနှင့် မှတ်တမ်းတင်မည့် မှတ်တမ်းမှတ် ရာ အခု (၂၀) တို့ကို ဆွေးနွေးခြင်း၊ (၂၈) ကြိမ်မြောက် အာဆီယံလူမှု ရေး- ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီ အစည်းအဝေး၏ မှတ်တမ်းအကျဉ်းချုပ်ကို အတည် ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ASCC အတွက် တိကျသည့် မဟာ ဗျူဟာကို ဖော်ဆောင်ရန် ASEAN Comprehensive Recovery Framework and the Hanoi Declaration of ASEAN Comm-unity post 2025 Vision အတွက် ကဏ္ဍစုံ၊ မဏ္ဍိုင်စုံ ပူးပေါင်းဆောင် ရွက်မှုများကို တိုးမြှင့်ဖော်ဆောင် နိုင်မည်ဟု မျှော်လင့်မိပါကြောင်း၊ အာဆီယံ စည်းမျဉ်းစည်းကမ်း၊ နည်းလမ်းများနှင့်အညီ မိမိတို့ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ထောက်ပံ့ ဆောင်ရွက်မှုများ ကြောင့် မိမိတို့သည် ၂၀၂၅ ခုနှစ် အာဆီယံအသိုက်အဝန်းသို့ သွား ရောက်နေသည့် လမ်းကြောင်း တစ်ဝက်တွင် ရောက်ရှိနေပြီဖြစ်ပါ ကြောင်း၊ ထို့အပြင် ASCC အသိုက် အဝန်း ထုဆစ်ပုံဖော်ရာတွင် အထောက်အကူပြုစေနိုင်သည့် လှုပ်ရှားဆောင်ရွက်မှုများ အားလုံး နှင့် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ် ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက် ရန် ချမှတ်ထားသော ဦးစားပေး နယ်ပယ်များနှင့် အစီအစဉ်များကို ထောက်ခံပါကြောင်း၊ အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှုအသိုက် အဝန်း၏ အဖွဲ့အစည်းဆိုင်ရာ စွမ်း ဆောင်ရည်နှင့် ထိရောက်မှုတို့ကို အားကောင်းစေမှုအား ကြိုဆိုပါ ကြောင်း၊ ထို့ပြင် အကြိမ် (၄၀) မြောက်နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး များတွင် တင်သွင်းမည့် ကြေညာ စာတမ်းများကိုလည်း မြန်မာနိုင်ငံ မှ ထောက်ခံပါကြောင်းတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်