CRPH ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေးများ ပျက်ပြားစေရန်ရည်ရွယ်၍ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

 

နေပြည်တော် အောက်တိုဘာ  ၁၂


CRPH ၊  NUG ၊  PDF   အမည်ခံ  အကြမ်းဖက်သမားများအနေဖြင့်  အေးချမ်းစွာနေထိုင်ကြသော ပြည်သူများ၊ တာဝန်ကျေပွန်စွာ ထမ်း ဆောင်လျက်ရှိသည့်   နိုင်ငံ့ဝန်ထမ်းကောင်းများအား မတရားစွပ်စွဲ ရက်စက်စွာသတ်ဖြတ်ခြင်းများ  ပြုလုပ်လျက်ရှိသည့်အပြင် နိုင်ငံပိုင် အဆောက်အဦ၊    ရုံးဌာနများ၊   အများပြည်သူနှင့်    သက်ဆိုင်သော       အဆောက်အဦများအား နှောင့်ယှက်ဖျက်ဆီးမှုများကို လုပ်ဆောင်လျက် ရှိသည်။

 


ထို့ပြင်    ဒေသတွင်း   ဖွံ့ဖြိုးတိုးတက်ရေး၊    လမ်းပန်းဆက်သွယ် လွယ်ကူချောမွေ့စေရေးတို့အတွက် အစိုးရအဆက်ဆက်  နိုင်ငံတော် ဘဏ္ဍာငွေများ အမြောက်အမြားအသုံးပြုပြီး အချိန်ကာလကြာရှည်စွာ တည်ဆောက်ထားသည့် လမ်း၊ တံတားများကို PDF အမည်ခံအကြမ်း ဖက်သမားများက   မိုင်းထောင်ဖောက်ခွဲ၊   မီးရှို့ဖျက်ဆီးခြင်းများကို      လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီး ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ရာ ယနေ့အထိ ၇၃၂ ကြိမ် လုပ်ဆောင်ခဲ့မှုကို ဖော်ပြပါဇယားအတိုင်း တွေ့ရှိရသည်-

 


နိုင်ငံတော်အစိုးရအနေဖြင့်   ဒေသဖွံ့ဖြိုးတိုးတက်ရေး၊   လမ်းပန်း ဆက်သွယ်လွယ်ကူချောမွေ့စေရေး ဆောင်ရွက်နေမှုများအပေါ်  PDF  အမည်ခံအကြမ်းဖက်သမားများက ယခုကဲ့သို့ လမ်း၊ တံတားများအား     မိုင်းထောင်ဖောက်ခွဲ၊   မီးရှို့ဖျက်ဆီးခြင်းများ   လုပ်ဆောင်နေမှုအပေါ် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ပူးပေါင်း ကာကွယ်သွားကြပါရန်နှင့်    အကြမ်းဖက်သမားများ၏   လှုပ်ရှားမှုသတင်းများရရှိပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့   လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့ ကာ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံ  သတင်းထုတ်ပြန်အပ် ပါသည်။                           

သတင်းစဉ်