အထူးစီးပွားရေးဇုန်များ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် အောက်တိုဘာ ၁၂


မြန်မာ       အထူးစီးပွားရေးဇုန် ဆိုင်ရာ  ဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၂)   ကို   ယနေ့   မွန်းလွဲ ၁   နာရီခွဲတွင်   နေပြည်တော်ရှိ   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန  အစည်းအဝေး ခန်းမ၌    ကျင်းပရာ     မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ  ဗဟိုအဖွဲ့ ဥက္ကဋ္ဌ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ  ဒုတိယ ဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူး ကြီး   စိုးဝင်း   တက်ရောက်အမှာ စကားပြောကြားသည်။

 


အစည်းအဝေးသို့  ဗဟိုအဖွဲ့ ဝင်များဖြစ်ကြသည့် ပြည်ထောင် စုဝန်ကြီးများ၊  ဒုတိယဝန်ကြီးများ၊သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ် အထူးစီးပွားရေး ဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ အမြဲတမ်း  အတွင်းဝန်များ၊  ညွှန်ကြားရေးမှူးချုပ်များ   တက် ရောက်ကြပြီး  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီး  ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ် စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်  တက်ရောက်ကြသည်။

 


အထူးစီးပွားရေးဇုန်များသည် 
ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်က   အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံအပါအဝင် နိုင်ငံတကာ ရှိ အထူးစီးပွားရေးဇုန်များသည် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခြင်း၊    ပို့ကုန်ပိုမိုတိုးမြှင့်တင်ပို့နိုင်ခြင်း၊ စီးပွားရေးကို ပိုမိုကျယ်ပြန့်လာအောင် ချိတ်ဆက်ပေး နိုင်ခြင်း၊ ကမ္ဘာ့တန်ဖိုးကွင်းဆက်ကို အထောက်အကူ ပြုစေခြင်းနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာကာ     ထုတ်ကုန်အမျိုးအစားများစွာ ထုတ်လုပ်လာနိုင်ခြင်း စသည့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ဖြစ်ထွန်းလာစေရန်အတွက် ရည်ရွယ် ပြီး ထူထောင်ကြပါကြောင်း။ 

 


၂၀၁၉ ခုနှစ်စာရင်းများအရ နိုင်ငံ ၁၄၇ နိုင်ငံတွင် အထူးစီးပွားရေးဇုန် ၅၄၀၀ ခန့်ရှိပြီး ဇုန်အသစ် ၅၀၀ ကျော်ကိုလည်း တည်ဆောက်အကောင်အထည်ဖော် လျက်ရှိကြကြောင်း၊ အထူးစီးပွားရေးဇုန်များသည် စက်မှုဆိုင်ရာမူဝါဒများ၏ ဖြစ်ပေါ်တိုးတက်မှုအသစ် များဖြစ်ပြီး နိုင်ငံတကာ  ရင်းနှီးမြှုပ်နှံမှုများကို  ပိုမို ဆွဲဆောင်နိုင်ကြောင်း။ 

 


ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အထူးစီးပွားရေး ဇုန်များတွင် အခြေခံအားဖြင့် ကုန်သွယ်မှုလုပ်ငန်းများ အတွက်    လွယ်ကူချောမွေ့စေရန်     ပံ့ပိုးပေးမှုကို အလေးထား      ဆောင်ရွက်လျက်ရှိကြောင်း၊     ထိုမှ တစ်ဆင့်   အသေးစား၊    အငယ်စားနှင့်အလတ်စား ကုန်ထုတ်လုပ်ငန်းများကို   ပိုမိုခေတ်မီပြီး   တီထွင် ဆန်းသစ်သော စက်မှုလုပ်ငန်းများအဖြစ်သို့ တိုးမြင့် ဆောင်ရွက်လာကြကြောင်း၊ ထို့နောက် လုပ်ငန်းများ ကို   ကုန်ထုတ်လုပ်ငန်းများအပြင်   ဝန်ဆောင်မှုများ ပါဝင်သည့် Integrated Zones အဖြစ် ပြောင်းလဲ ဖန်တီးလာကြသည်ကို       တွေ့ရမည်ဖြစ်ကြောင်း၊ အဆိုပါအခြေအနေသည်    ယနေ့  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက အားပေးမြှင့်တင်ဆောင်ရွက် နေသည့်  အသေးစား၊  အငယ်စားနှင့်  အလတ်စား စီးပွား‌ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် လည်း များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း။ 

 


မိမိတို့နိုင်ငံတွင် ၂၀၁၁ ခုနှစ် အထူးစီးပွားရေးဇုန် ဥပဒေကို ၂၀၁၄ ခုနှစ်တွင် အသစ်ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ   နည်းဥပဒေကို ၂၀၁၅   ခုနှစ်တွင်   ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊   အဆိုပါ နည်းဥပဒေအရ     ဗဟိုအဖွဲ့၏အစည်းအဝေးကို တစ်နှစ်လျှင် နှစ်ကြိမ် ကျင်းပရမည်ဖြစ်သဖြင့် ၂၀၂၂ ခုနှစ်အတွက် ပထမအကြိမ်အစည်းအဝေးကို ယခု ကဲ့သို့ ကျင်းပရခြင်းဖြစ်ကြောင်း။ 

 


ဥပဒေ၏ ပုဒ်မ ၆ တွင်  ဗဟိုအဖွဲ့၏   လုပ်ငန်း တာဝန်များကို   ပြဋ္ဌာန်းထားပြီး   အဓိကအနေဖြင့် “အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲ ရေးတို့အတွက် စီမံကိန်းနှင့်အစီအစဉ်များ  ချမှတ် ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် စောင့်ကြည့် ကြပ်မတ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်မူဘောင်များသတ်မှတ်ခြင်း၊”  “စီမံခန့်ခွဲမှုကော်မတီများ၏ လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲခြင်း၊ အခါအားလျော် စွာ စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများနှင့်    ဆက်သွယ်ညှိနှိုင်းပေးခြင်း” တို့ကို ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့    အစည်းအဝေးတွင်     သက်ဆိုင်ရာဇုန်များ ဆောင်ရွက်နေသည့်    လုပ်ငန်းများနှင့်  စပ်လျဉ်း၍ လိုအပ်သည်များပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်း ဆွေးနွေးကြစေလိုကြောင်း။

 

 
အထူးစီးပွားရေးဇုန် (၃) ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ


မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန် (၃) ခုကို အကောင်အထည်ဖော်    ဆောင်ရွက်လျက်ရှိပြီး၊ သီလဝါအထူးစီးပွားရေးဇုန်ကို ဂျပန်နိုင်ငံနှင့်လည်း ကောင်း၊ ကျောက်ဖြူ  အထူးစီးပွားရေးဇုန်ကို တရုတ် နိုင်ငံနှင့်လည်းကောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် ကို ထိုင်းနိုင်ငံနှင့်လည်းကောင်း ပူးပေါင်းအကောင် အထည်ဖော်     ဆောင်ရွက်နေကြောင်း၊     နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့်အခါ မိမိနိုင်ငံ၏ အကျိုးစီးပွားကိုသာအဓိကထားရမည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကိုလည်း  အလေးထားကြရမည် ဖြစ်ကြောင်း။ 

 


အထူးစီးပွားရေးဇုန် (၃)ခုရှိသည့်အနက် သီလဝါ အထူးစီးပွားရေးဇုန်သည် လုပ်ငန်းများကို အောင်မြင် စွာ    ဆောင်ရွက်လျက်ရှိသော     ဇုန်တစ်ခုဖြစ်သည့် အတွက် စံပြဇုန်အဖြစ် ရပ်တည်နေသည့်ဇုန်လည်း ဖြစ်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံသူများ စနစ်တကျဆက်လက်ရင်းနှီး မြှုပ်နှံနိုင်ရန်၊ လုပ်ငန်းကုမ္ပဏီအသစ်များနှင့် ရင်းနှီး မြှုပ်နှံမှုများ တိုးတက်လာရန်နှင့် လက်ရှိ ရင်းနှီးမြှုပ်နှံ သူများအတွက် လုပ်ငန်းများ ချောမွေ့စွာလည်ပတ်နိုင် ရန်    သက်ဆိုင်သည့်ဝန်ကြီးဌာနများက   ပူးပေါင်း ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။ 

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   အနေဖြင့် စီးပွားရေးဦးတည်ချက် (၃) ရပ်အနက်  ဈေးကွက် စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံ တကာရင်းနှီးမြှုပ်နှံမှုများကို  ဖိတ်ခေါ်၍ တိုင်းရင်း သားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် အောင်    ဆောင်ရွက်ရေးသည်     အရေးကြီးသည့် ဦးတည်ချက်တစ်ခုဖြစ်ကြောင်း။ 

 


ဇုန်များတွင် ကောင်းမွန်သည့် ဝန်ဆောင်မှုများပေးရန်လိုအပ်


ထိုရည်မှန်းချက် အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်  သက်ဆိုင် ရာဝန်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်း SOP များကို လက်တွေ့ကျကျ   လုပ်ကိုင်နိုင်ရန်နှင့်   နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ       ဇုန်များတွင် ကောင်းမွန်သည့် ဝန်ဆောင်မှုများပေးရန်  လိုအပ် ကြောင်း၊   သို့မှသာ   နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထပ်မံဝင်ရောက်လာရန်     ဖိတ်ခေါ်နိုင်မည်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန်များကို ကောင်းမွန် စွာ ဦးဆောင်နိုင်ရန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များကို    ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီးဖြစ် သည့်အတွက် လက်ရှိအခြေအနေထက် ပိုမိုတိုးတက် လာစေရန် ပို့ကုန်တိုးမြှင့်နိုင်စေရေး စီးပွားရေးဇုန်များ တွင်ရှိသည့်   One Stop Service Center   များကို စနစ်တကျဖွဲ့စည်းပြီး   ထိရောက်သည့်ဝန်ဆောင်မှု များပေးနိုင်ရန်လိုကြောင်း။ 

 


သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နေသည့် ကုမ္ပဏီများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး၊  ရင်းနှီးမြှုပ်နှံမှုများ  ပိုမိုတိုးချဲ့ ဆောင်ရွက်စေရေးနှင့်   ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်လာ‌ရေးအတွက်  စီမံခန့်ခွဲမှုကော်မတီမှ လိုအပ်သည်များ ပံ့ပိုး ဆောင်ရွက်သွားစေလိုကြောင်း။ 

 


ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ရေနက်ဆိပ်ကမ်း စီမံကိန်း၏ မူဘောင်သဘောတူညီချက်ရေးထိုးနိုင်ခဲ့ပြီး  ၂၀၂၀  ပြည့်နှစ် ဇန်နဝါရီတွင် Shareholder Agreement နှင့်နိုဝင်ဘာတွင် Concession Agree-ment ကို နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း၊ ယခင်က နှစ်နိုင်ငံအကြား  လက်မှတ် ရေးထိုးခဲ့သည့် စာချုပ်များနှင့်ပတ်သက်၍ နိုင်ငံရေး အကဲဆတ်မှုကို သတိပြုကာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ညှိနှိုင်းမှုများဖြင့် Win Win Situation ဖြစ်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 


စက်ရုံများ၏လိုအပ်ချက်နှင့် ကိုက်ညီသည့် သင်တန်းများဖြစ်ရန်လို 


ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင်   ရေနက် ဆိပ်ကမ်းစီမံကိန်းသည် အရေးပါသကဲ့သို့ ဒေသခံများ နှင့် နိုင်ငံတော်အတွက် အကျိုးများစွာ ဖြစ်ထွန်းနိုင် သည်ဖြစ်၍ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊   ရေနက် ဆိပ်ကမ်းစီမံကိန်း အောင်မြင်စွာဆောင်ရွက်နိုင်ခြင်း ဖြင့်   မြန်မာ-တရုတ်   စီးပွားရေးစင်္ကြံပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းကိုပါ ပါဝင်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား  ပူးပေါင်းဆောင်ရွက် မှုကို  မြှင့်တင်စေနိုင်မည်ဖြစ်ကြောင်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းသည်   တရုတ်နိုင်ငံ၏ (Belt & Road) စီမံကိန်းနှင့် များစွာဆက်စပ်မှုရှိနေ သည့်အတွက် နှစ်နိုင်ငံအကျိုးပြုမှုများရရှိပြီး ဒေသ တွင်း ဖွံ့ဖြိုးတိုးတက်မှုကိုပါ ရရှိစေမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဒေသခံ များကို ကျွမ်းကျင်သင်တန်းများပေးခြင်းနှင့် စပ်လျဉ်း ၍  စီမံကိန်းအကောင်အထည်ဖော်သည့် အချိန်တွင် စက်ရုံများ၏လိုအပ်ချက်နှင့် ကိုက်ညီသည့် သင်တန်း များဖြစ်ရန်လိုကြောင်း။ 

 


ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀၀၈ ခုနှစ် ကတည်းက    အကောင်အထည်ဖော်ခဲ့သော်လည်း သိသာထင်ရှားသည့်    တိုးတက်မှုများမရှိခဲ့သည်ကို တွေ့ရကြောင်း၊   ယခင်က   ရင်းနှီးတည်ဆောက်သူ အဖြစ်   ရွေးချယ်တာဝန်ပေးအပ်ခဲ့သည့် အီတာလျံ-ထိုင်း ကုမ္ပဏီကို Termination ပြုလုပ်ထားပြီး ဖြစ်သည့်အတွက် ရင်းနှီးတည်ဆောက်သူ အသစ် ထပ်မံ ဖိတ်ခေါ်နိုင်ရေး နိုင်ငံတကာလုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

 


အထူးစီးပွားရေးဇုန်များ မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးတိုးတက်လာမှသာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သကဲ့သို့   ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် လူနေမှုအဆင့် အတန်းများ ဖွံ့ဖြိုးတိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့်   အထူးစီးပွားရေးဇုန်များ   အောင်မြင် တိုးတက်စေရန်   ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ  ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 


ထို့နောက် ဗဟိုအဖွဲ့အတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး က မြန်မာအထူးစီးပွားရေးဇုန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 


ယင်းနောက်     သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူး စီးပွားရေးဇုန်များမှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများက မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်း အဝေးသို့  တင်ပြသည့် အမှာစာများကို ဖတ်ကြား တင်ပြကြပြီး အတည်ပြုချက်ရယူကြသည်။

 


သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြ


ထို့နောက်  ပြည်ထောင်စုဝန်ကြီးများ   ဖြစ်ကြ သည့်   ဗိုလ်ချုပ်ကြီး  တင်အောင်စန်း၊  ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦး၊  ဦးတင်ထွဋ်ဦး၊  ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊  ဒေါက်တာပွင့်ဆန်းနှင့် ဦးရွှေလေး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များဖြစ်ကြသည့် ဦးစိုးသိန်းနှင့် ဦးမြတ်ကို၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊  ရခိုင်ပြည်နယ် စီးပွားရေးရာ ဝန်ကြီးတို့က အထူးစီးပွားရေးဇုန်များအလိုက် လုပ်ငန်း ဆောင်ရွက်နေမှုဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြ သည်။

 


ယင်းနောက်   ဗဟိုအဖွဲ့  တွဲဖက်အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးညွန့်အောင် က မြန်မာအထူးစီးပွား ရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့   အစည်းအဝေး   (၁/၂၀၂၂) ဆုံးဖြတ်ချက်မူကြမ်းကို ဖတ်ကြားတင်ပြအတည်ပြု ချက်ရယူသည်။  

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် က   ရှင်းလင်း ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည် များကို   ဖြည့်စွက်ဆွေးနွေးပြီး   နိဂုံးချုပ်  အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။    

     

သတင်းစဉ်