အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အား အလုံးစုံပျက်သုဉ်းရေး၊ အစိုးရအုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများမရှိစေရေး စသည့်ရည်ရွယ်ချက်များဖြင့် လျှပ်စစ်ဓာတ်အားလိုင်းများ၏ တာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျ

 

နေပြည်တော်    အောက်တိုဘာ    ၁၁


CRPH  နှင့်  NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည်  အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍    အစိုးရ၏   အုပ်ချုပ်မှုယန္တရားများ   ပျက်ပြားစေရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများ မရှိစေရေးတို့အတွက် နည်းလမ်းမျိုးစုံ ဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။

 


ထို့ပြင်   PDF   အမည်ခံအကြမ်းဖက်သမားများအနေဖြင့်  အချို့ သော ဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား  အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက် အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင် ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများ၊ ပုဂ္ဂလိကပိုင် ပစ္စည်းများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် တယ်လီဖုန်းတာဝါတိုင်များအား မိုင်းထောင်  ဖောက်ခွဲခြင်း၊  မီးရှို့ဖျက်ဆီးခြင်း  စသည့်အဖျက်အမှောင့် လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။

 

ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးအတွက် အခြေခံအကျဆုံးဖြစ်သော လျှပ်စစ်မီး ရရှိရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက် နေမှုများအပေါ် PDF အမည်ခံ အကြမ်းဖက်သမား များက လျှပ်စစ်ဓာတ်အားလိုင်းများ၏ တာဝါတိုင်များ အား မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို    နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

 


ထိုသို့   အကြမ်းဖက်အဖွဲ့များ၏  အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲ၊    မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ခြင်းကြောင့် ယနေ့ အထိ ၆၆ ကေဗွီဓာတ်အားလိုင်း ၉ လိုင်း၏ တာဝါတိုင် ၁၉ တိုင်နှင့် ၂၃၀ ကေဗွီ နှင့် ၁၃၂ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်း ၆ လိုင်းတို့၏ တာဝန်တိုင် ၄၅ တိုင်တို့ ပျက်စီးဆုံးရှုံးခဲ့ရမှုကို ဖော်ပြပါအတိုင်း တွေ့ရှိရသည် -


နိုင်ငံတော်အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက် ရေးမှတစ်ဆင့်     နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လျှပ်စစ်မီးများ တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ  ကျေးလက်ဒေသများပါမကျန်  မီးရရှိရေး ရည်ရွယ်ဆောင်ရွက်နေမှုများအပေါ် PDF အမည်ခံ အကြမ်းဖက်သမားများက ယခုကဲ့သို့ လျှပ်စစ်တာဝါ တိုင်များအား မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်း များ လုပ်ဆောင်နေမှုအပေါ် ပြည်သူလူထုတစ်ရပ်လုံး အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက်   ပူးပေါင်းကာကွယ်သွားကြ ပါရန်နှင့်    အကြမ်းဖက်သမားများ၏  လှုပ်ရှားမှု သတင်းများကိုရရှိပါက        နီးစပ်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့    လျှို့ဝှက်စွာ   ဆက်သွယ် သတင်းပေးပို့၍ အကြမ်းဖက်သမားများ     ရပ်တည်မှု မရှိနိုင်သည်အထိ   ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြပါရန်  မေတ္တာရပ်ခံ  သတင်းထုတ်ပြန်အပ် ပါသည်။                   
                         

သတင်းစဉ်