
နေပြည်တော် အောက်တိုဘာ ၅
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဒေသတွင်း စားနပ် ရိပ်က္ခာ ဖူလုံရေး၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် ဒေသခံပြည်သူများ စားသောက်ရေး အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ တိုင်း စစ်ဌာနချုပ်နယ်မြေများရှိ မြို့နယ် အသီးသီး၌ နယ်မြေခံတပ်မတော် သားများက တန်ဖိုးသင့်ထမင်းဟင်း များ၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံထုတ် အသား၊ ငါးဘူးများနှင့် စားသောက်ကုန် ပစ္စည်းများကို ရောင်းချပေးလျက် ရှိသည်။
ထိုသို့ ရောင်းချပေးလျက်ရှိရာ အောက်တိုဘာ ၃ ရက်မှ ယနေ့ အထိ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ခိုလမ်မြို့၊ ရှမ်း ပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ မြို့နယ်သုံးမြို့နယ်၊ တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ငါးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ခရိုင်များအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်သုံးမြို့နယ်၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် လေးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၁၇ မြို့နယ်၊ မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်လေးမြို့နယ်၊ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်နှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် သုံးမြို့နယ်တို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ တပ်မတော်သားများနှင့် တာဝန် ရှိသူများက တပ်ပိုင်နှင့် တစ်ပိုင် တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းနှင့် ဘက်စုံစိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများမှ ထွက်ရှိသည့် ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်း များ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ် သည့် ခေါက်ဆွဲခြောက်၊ ဘီစကစ် နှင့် စည်သွတ်ဘူးများ စသည့် စားသောက်ကုန် ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာ သောဈေးနှုန်းများဖြင့် ရောင်းချ ပေးကြောင်း သတင်းရရှိ သည်။
သတင်းစဉ်