အလုပ်အကိုင်ပြပွဲတွင် အလုပ်ရှာဖွေသူများနှင့် အလုပ်ရှင်များအတွက် သင့်လျော်သော အလုပ်အကိုင်နှင့် အလုပ်သမားများကို ရွေးချယ်နိုင်ပြီး အကျိုးဖြစ်ထွန်းစေမည်

 

မန္တလေး အောက်တိုဘာ ၅


မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ပြည်တွင်း၊ ပြည်ပအေဂျင်စီများ၊ လုပ်ငန်းရှင်များ၊  လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ အလုပ်အကိုင်  အခွင့်အလမ်းပြပွဲ (Job Fair) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ချမ်းမြ သာစည်မြို့နယ်ရှိ မန္တလာသီရိ (Multi Purpose Stadium)၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပသည်။

 


အခမ်းအနားတွင် ပြည်ထောင် စု ဝန်ကြီး ဒေါက်တာပွင့်ဆန်း က အလုပ်သမားဝန်ကြီးဌာန  အနေ ဖြင့် အလုပ်လုပ်နိုင်သည့် အသက် အပိုင်းအခြား    (Working Age)အတွင်း     ရောက်ရှိနေကြသော လူတိုင်းအတွက်       သင့်လျော် ကောင်းမွန်သော   အလုပ်အကိုင် များရရှိရေး၊ ကျွမ်းကျင်မှုလေ့ကျင့် ရေး၊  အလုပ်သမားများ၏ ရပိုင် ခွင့်များ         ဆောင်ရွက်ပေးရေး အတွက် အလုပ်သမားဥပဒေများ ကို ကျောထောက်နောက်ခံပြုပြီး ဥပဒေပါ  အလုပ်သမားအခွင့်အရေး များကို ရရှိခံစားနိုင်စေရန် အလေးထားဆောင်ရွက်လျက်ရှိကြောင်း။ 

 


လူငယ်များအနေဖြင့် အလုပ် အကိုင်အခွင့်အလမ်းနည်းပါးမှုကို စိန်ခေါ်မှုတစ်ရပ်အဖြစ်   ရင်ဆိုင် နေကြရပြီး အလုပ်လုပ်နိုင်သူတိုင်း အလုပ်အကိုင်ရရှိရန်နှင့်   သင့် လျော်ကောင်းမွန်သည့်    အလုပ် အကိုင်ရရှိရေးသည်  အဓိကအခန်း ကဏ္ဍတွင်ပါဝင်ကြောင်း၊  အလုပ် သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် ပြည်တွင်း    အလုပ်အကိုင်နှင့် ပတ်သက်၍ အလုပ်ရှာဖွေနေသူ များအား    ပညာအရည်အချင်း၊ ကျွမ်းကျင်မှုနှင့်  အလုပ်လုပ်ကိုင် နိုင်စွမ်းအပေါ်မူတည်၍ အလုပ်ရှင် များက  ရွေးချယ်ခန့်အပ်နိုင်ရန် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုတွင်  ခရိုင်နှင့်မြို့နယ်  အလုပ် အကိုင်နှင့် အလုပ်သမားရှာဖွေရေး ရုံး ၈၉ ရုံး  ဖွင့်လှစ်ဆောင်ရွက် လျက်ရှိကြောင်း။

 


ကိုဗစ်-၁၉ ကြောင့် စီးပွားရေး လုပ်ငန်းများနှင့်  အလုပ်အကိုင် ပုံစံအသစ်များ     ပြောင်းလဲပြီး Digital Platform သည်   အလုပ် သမားဈေးကွက်အတွက် အခြေခံ လိုအပ်ချက် ဖြစ်လာသည့်အတွက် Digital သို့ လျင်မြန်စွာပြောင်းလဲမှု တွင် အလုပ်သမားများ၏ ယှဉ်ပြိုင် နိုင်စွမ်းကိုမြှင့်တင်ရန်၊ ပြောင်းလဲ လာသည့် Digital အလုပ်အကိုင် အသစ်များတွင်  လုပ်ကိုင်နိုင်ရန် လိုအပ်သည့် ကျွမ်းကျင်မှုအသစ် များ (New Skills) ကို လေ့ကျင့် သင်ယူတတ်မြောက်ရန်နှင့် ဘဝ တစ်သက်တာ     သင်ယူမှုတို့ကို တိုးမြှင့်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

 


ယခု   အလုပ်အကိုင်ပြပွဲတွင် အလုပ်ရှာဖွေသူများနှင့် အလုပ်ရှင် များအတွက်     သင့်လျော်သော အလုပ်အကိုင်နှင့်  အလုပ်သမား များကို  ရွေးချယ်နိုင်ပြီး   အကျိုး ဖြစ်ထွန်းစေမည်ဟု   ယုံကြည်ပါ ကြောင်း ပြောကြားသည်။

 


ဆက်လက်၍  မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က  အလုပ် အကိုင်     အခွင့်အလမ်းပြပွဲကြီး ကျင်းပပေးသည့်အတွက် မန္တလေး မြို့ပေါ်ရှိ လုပ်သားလိုအပ်နေသည့် အလုပ်ရှင်များနှင့်  အလုပ်ရှာဖွေ နေသည့်      လူငယ်များအတွက် တစ်နေရာတည်းတွင်  မိမိတို့နှင့် ကိုက်ညီနှစ်သက်သည့်   အလုပ် အကိုင်များကို ရွေးချယ်ခွင့်ရမည် ဖြစ်ကြောင်း၊ အလုပ်ရှာဖွေသူများ နှင့် အလုပ်ရှင်များ နှစ်ဦးနှစ်ဖက် အကျိုးများစွာ  ရရှိသည့်အတွက် အလုပ်အကိုင်  အခွင့်အလမ်းပြပွဲ ကျင်းပနိုင်ခြင်းကို အထူးဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့်   ပါဝင် ပြသသော   ကုမ္ပဏီများအားလုံး ကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက်   ပြပွဲကို  အလုပ် သမားဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်   တာဝန်ရှိသူများ က   ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အလုပ်အကိုင်  အခွင့် အလမ်းပြပွဲ    (Job Fair)     တွင်   အလုပ် လာရောက်လျှောက်ထား သူများ၊   ပြပွဲတွင် ပါဝင်ပြသသော   ကုမ္ပဏီများ၊     လုပ်ငန်းများကို       လှည့်လည်ကြည့်ရှု          အားပေး သည်။

 


 အဆိုပါပြပွဲတွင် ပြည်တွင်း/ ပြည်ပ    အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်  အေဂျင်စီများနှင့် ကုမ္ပဏီစုစုပေါင်း ၃၅ ခု ပါဝင်ပြသ ခဲ့ကြောင်း သိရသည်။


သတင်းစဉ်