ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော် အောက်တိုဘာ  ၄

 


ပြည်ထဲရေးဝန်ကြီးဌာန  တပ်ဖွဲ့ဝင်/ ဝန်ထမ်း  အရာထမ်း၊   အမှုထမ်း မိသားစုများက မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့်    ဆန်ကြာဆံ များ     ဆက်ကပ်လှူဒါန်းခြင်းကို လှူဒါန်းလျက်ရှိသည်။

 


ထိုသို့     လှူဒါန်းလျက်ရှိရာ ယနေ့တွင်  နေပြည်တော်ကောင်စီ နယ်မြေ ဥတ္တရသီရိမြို့နယ်ရှိ ဝဇီရာ နန္ဒသုဗောဓာရုံ   ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး    ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မဟာ ဗောဓိဗုဒ္ဓဂါယာ  ကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ    သဲအင်းဂူ ကျောင်းတိုက်နှင့်    ရွှေပြည်သာ မြို့နယ်ရှိ ရတနာပန်းကုံး ပရိယတ္တိ စာသင်တိုက်၊     ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ      စွမ်းခမ်း ကျောင်းတိုက်နှင့် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ်ရှိ နိဂြော ဓာရုံ(ညောင်ပင်သာ)  ပရိယတ္တိ စာသင်တိုက်တို့သို့ ဆွမ်းဆန်တော် များကိုလည်းကောင်း၊  မန္တလေး တိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ်ရှိ မဟာနန္ဒိသေနာ ရာမ ကျောင်းတိုက်၊ မဟာအောင်မြေ မြို့နယ်ရှိ   တောင်ခွင်မင်းကြီး ကျောင်းတိုက်နှင့်  အောင်မြေသာစံ မြို့နယ်ရှိ   ဣန္ဒြိယာရာမရွှေဂူ ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသ ကြီး     ကြည့်မြင်တိုင်မြို့နယ်ရှိ စလင်းကျောင်းတိုက်၊             ရှမ်း ပြည်နယ်   တောင်ကြီးမြို့နယ်ရှိ နောင်အင် ပရိယတ္တိစာသင်တိုက် နှင့် လားရှိုးမြို့ နယ်ရှိ သစ္စာတောရ ကျောင်းတိုက်တို့သို့   ဆန်ကြာဆံ များကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန် ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။


သတင်းစဉ်