မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ
သတိပြုရန်
နေပြည်တော် အောက်တိုဘာ ၄
ယနေ့မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ငါးပေခန့်တွင် ရောက်ရှိနေသည်။ အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
သို့ဖြစ်၍ ကလေးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
မိုး/ဇလ



