သီတဂူဆရာတော်ကြီးက မျက်စိဆေးရုံတစ်ရုံစာ စက်ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများလှူဒါန်း

 

သီပေါ   အောက်တိုဘာ  ၄


ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်   အဓိပတိ သီတဂူဆရာတော်   ဒေါက်တာ အရှင်ဉာဏိသာရ   အရှင်သူမြတ် ဩဝါဒခံယူလျက် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့ မဟာ မြတ်မုနိဘုရားကြီးကျောင်းတိုက် ပဓာနနာယက   သီတဂူ(သီပေါ) စက္ခုဒါနဆေးရုံကြီး၏ တာဝန်ခံ ဆရာတော်      ဘဒ္ဒန္တပဉာသီရိ ဦးဆောင်ဦးရွက်ပြုမှုဖြင့်   လူမျိုး ဘာသာမရွေး အခမဲ့မျက်စိခွဲစိတ် ကုသမှုလုပ်ငန်းများကို ၂၀၀၈ ခုနှစ် မတ်   ၂၂   ရက်မှ   ၂၀၂၂  ခုနှစ် စက်တင်ဘာအထိ (၄၉) ကြိမ်တိုင် မျက်စိဝေဒနာရှင်ပေါင်း  ၃၁၈၃၉ ဦးအနက် ၇၂၀၉ ဦးကို ခွဲစိတ်ကုသ ပေးပြီး ကျန်မျက်စိဝေဒနာရှင်များ အား မျက်မှန်နှင့် ဆေးဝါးများဖြင့် ကုသပေးကြောင်း သိရသည်။

 


အဆိုပါ   ပြည်သူ့အကျိုးပြု မျက်စိကုသမှု        လုပ်ငန်းများ ဆက်လက်   ဆောင်ရွက်နိုင်ရေး အတွက်    သီပေါသီတဂူစက္ခုဒါန ဆေးရုံ တာဝန်ခံဆရာတော် ဘဒ္ဒန္တ ပဉာသီရိက စစ်ကိုင်းသီတဂူဆရာ တော်ကြီးထံသို့ ကြွရောက်ဩဝါဒ ခံယူခဲ့သည်။

 

သီတဂူဆရာတော်ကြီး က သီပေါသီတဂူစက္ခုဒါနဆေးရုံ အတွက်    အမေရိကန်ဒေါ်လာ တစ်သိန်း     လေးသောင်းကျော် မျက်စိခွဲစိတ်မှုဆိုင်ရာ    စက်ကိရိ ယာများနှင့် ဆက်စပ်ပစ္စည်းများကို မျက်စိဆေးရုံတစ်ရုံစာ   ပေးအပ် လှူဒါန်းရာ ယနေ့ရောက်ရှိကြောင်း သိရသည်။                

စိုင်း(သီပေါ)