နေပြည်တော် အောက်တိုဘာ ၄
ချင်းပြည်နယ် ရဲတပ်ဖွဲ့၏ (၅၈)နှစ်မြောက် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ရဲဇာနည်ခန်းမ၌ ကျင်းပရာ ချင်းပြည် နယ် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူး ချုပ် မျိုးထွဋ်လှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြား ပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိုးလွင်မိုးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်မှပေးပို့သော ရဲတပ်ဖွဲ့ သဝဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ လေးဦးနှင့် စိုက်ပျိုးရေး/မွေးမြူရေးနှင့် နေအိမ်လိုင်းခန်း သန့်ရှင်းရေး အကောင်းဆုံးဆုရရှိကြသူများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
သတင်းစဉ်



