ပေါက်တော အောက်တိုဘာ ၄
ရခိုင်ပြည်နယ် ပေါက်တော မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက်ပိုင်းက ကလေးအလုပ် သမားပပျောက်ရေး အသိပညာ ပေးဆွေးနွေးပွဲ ပြုလုပ်သည်။
ရှေးဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်တင်တင်စိန်က ကလေးအလုပ်သမား ပပျောက် ရေး အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ် ဥပဒေအရာရှိ ဦးအောင်ပိုင်ဖြိုး က ကလေးအလုပ်သမားများ ဥပဒေ၊ အသက်အရွယ် အပိုင်း အခြားအလိုက် သတ်မှတ်ထား သည့် ကလေးအလုပ်သမားများ ဥပဒေ၊ ကလေးအလုပ်သမား များနှင့် ပတ်သက်၍ ဥပဒေအရ အကာအကွယ်၊ ကလေးသူငယ် များကို အလုပ်ခိုင်းစေခြင်းနှင့် ပတ်သက်၍ ပြစ်ဒဏ်များ စသည့် အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးပြော ကြား သည်။
ပေါက်တောမြို့နယ် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိသတ် များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆို ခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း နှင့် အသိပညာပေး (Talk Show) အစီအစဉ်များ ရိုက်ကူးကာ ပေါက်တောမြို့နယ် Facebook Page တွင် တင်ဆက်ပေးလျက် ရှိသည့်အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ် စာစောင်များကို ရွေ့လျားစာကြည့် တိုက်အဖြစ် ကွင်းဆင်းကာ အခမဲ့ ငှားရမ်းပေးလျက်ရှိကြောင်း သိရ သည်။
ဝင်းမင်းစိုး(ပြန်/ဆက်)



