ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်

 

နေပြည်တော် အောက်တိုဘာ  ၄


ကိုဗစ်-၁၉    ရောဂါ   ဖြစ်ပွားမှု ကြောင့်        ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင်    ဒေသ တွင်း   စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏  စားသောက်ရေး ကို   အထောက်အကူဖြစ်စေရန် အတွက်  တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင် ရွက်လျက်ရှိသည်။ 

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်    နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့်    တာဝန်ရှိသူများ သည်   တိုင်းစစ်ဌာနချုပ်ရှိ   စံပြ ဘက်စုံစိုက်ပျိုး   မွေးမြူရေးခြံ၌ ဥစားကြက်၊    အသားတိုးကြက်၊ နို့စားနွား၊     အသားတိုးနွားနှင့် DYL    ဝက်   မွေးမြူထားရှိမှု၊ နေရောင်ပြအင်း၌   ငါးနှင့်    ဘဲ မွေးမြူထားရှိမှုတို့ကို    ကြည့်ရှု စစ်ဆေးပြီး   တာဝန်ရှိသူများနှင့် တွေ့ဆုံကာ    ကုန်ထုတ်လုပ်မှု လုပ်ငန်းများ         ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့်  လိုအပ် သည်များ       ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း   သိရ သည်။                        

သတင်းစဉ်