ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ငွေကျပ်သိန်း၆၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၃ သိန်းကျော် ဖမ်းဆီးရမိ

 

နေပြည်တော် အောက်တိုဘာ ၁ 


ရန်ကုန်တိုင်းဒေသကြီးနှင့်   ကရင် ပြည်နယ်တို့တွင်      ငွေကျပ်သိန်း ၆၅၀၀   ကျော်တန်ဖိုးရှိ    စိတ်ကြွ ရူးသွပ်ဆေးပြား  ၄ ဒသမ ၃  သိန်း ကျော်      ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 


မူးယစ်ဆေးဝါး    တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ    ၂၈   ရက်   ည   ၉  နာရီ ခွဲတွင်     ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်   (၂)ရပ်ကွက် ဦးရေခဲလမ်းပေါ်တွင်  မောင်မောင် ရွှေ (ခ)မောင်ရွှေ   မောင်းနှင်လာ သော   TOYOTA   Hilux  Surf  မော်တော်ယာဉ်ကို   သတင်းအရ ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀၀၀       သိမ်းဆည်းရမိခဲ့ပြီး  ၎င်း  ငှားရမ်းအသုံးပြုသည့် မရမ်း ကုန်းမြို့နယ်   (၁)ရပ်ကွက်  (၈)လမ်းနှင့်  မရမ်းကုန်းမြို့နယ် (၂)ရပ်ကွက်    အောင်မေတ္တာလမ်းရှိ တိုက်ခန်း နှစ်ခန်းအတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁ ဒသမ ၄ သိန်း  နှင့်  မြန်မာငွေကျပ်   သိန်း ၂၀ ထပ်မံတွေ့ရှိသဖြင့်       စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၂၁၀၀  တန်ဖိုးရှိ  စိတ်ကြွရူးသွပ် ဆေးပြား ၂ ဒသမ ၁ သိန်း  သိမ်း ဆည်းရမိခဲ့ကြောင်း။

 


အလားတူ   မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး    ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်    စက်တင်ဘာ    ၂၉  ရက်   မွန်းလွဲ   ၁၂   နာရီခွဲတွင်  မြဝတီမြို့   အမှတ်(၄)ရပ်ကွက် အနန္တသုခ       လမ်းမပေါ်တွင် အောင်ကျော်ဇင်သက်  မောင်းနှင် လာသည့်  မော်တော်ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ    စိတ်ကြွ ရူးသွပ်ဆေးပြား ၅၈၅၀ နှင့်  ပွိုင့် ၃၂    ပစ္စတိုသေနတ်    တစ်လက် သိမ်းဆည်းရမိခဲ့ပြီး   ၎င်းနေထိုင် သည့်  မြဝတီမြို့  အမှတ်(၄)ရပ် ကွက်  အောင်ဒီပါလမ်းရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၁၄၅ သိန်းနှင့် TOYOTA LAND CRUISER PRADO မော်တော်ယာဉ်  တစ်စီး    ထပ်မံတွေ့ရှိသဖြင့်    စုစု ပေါင်း   ဒေသကာလတန်ဖိုး   ငွေ ကျပ်သိန်း ၄၄၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား  ၂  ဒသမ ၂  သိန်းကျော်  သိမ်းဆည်းရမိခဲ့ သဖြင့်   ၎င်းတို့အား   ဥပဒေအရ အရေးယူထားရှိပြီး     ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။                

 

သတင်းစဉ်