
နေပြည်တော် အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်ဆယ်ဇင်းကုန်း ကျေးရွာ အုပ်စု မင်းကုန်းကျေးရွာ၏ အရှေ့ဘက်(၅)မိုင်ခန့်အကွာရှိ တောင်ယာ တဲ၌ နေထိုင်လျက်ရှိသော မိသားစုအား စက်တင်ဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကြောင့် ၅ နှစ် ကလေးငယ်တစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကာ အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မင်းကုန်းကျေးရွာ ၏ အရှေ့ဘက် (၅)မိုင်ခန့်အကွာရှိ တောင်ယာတဲ၌ ဦးရင်မောင်နှင့် ဇနီးဖြစ်သူ ဒေါ်အေးအေးသင်း၊ သားဖြစ်သူ အသက် ၅ နှစ်အရွယ် မောင်ဆန်းသစ်အောင်တို့ ရှိနေစဉ် မွန်းလွဲ ၁ နာရီခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများ ရောက်ရှိ လာပြီး ဒလန်ဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်၊ ဓားဖြင့် ခုတ်ကာ အကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြောင်း၊ ထိုသို့အကြောင်းမဲ့သတ်ဖြတ်ခဲ့ခြင်း ကြောင့် ဦးရင်မောင် နှင့် ဇနီးဖြစ်သူ ဒေါ်အေးအေးသင်းတို့မှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး အသက် ၅ နှစ်အရွယ် မောင်ဆန်းသစ်အောင်မှာ လက်ဖျံနှင့် လက်မောင်းကျည်ဖောက်ဝင် ဒဏ်ရာများ အပြင်းအထန်ရရှိခဲ့ကြောင်း သိရှိရသည်။ ဒဏ်ရာရရှိခဲ့ သည့် ကလေးငယ်အား နယ်မြေခံပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ် သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အေးချမ်းစွာနေထိုင်သော မိသားစုအား အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမားများ ကို အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်