၁။ ရန်ကုန် - နေပြည်တော် - လွိုင်ကော် - ရန်ကုန် ခရီးစဉ်ပြေးဆွဲနေသော မြန်မာအမျိုးသား လေကြောင်းပိုင် လေယာဉ်တစ်စင်း လွိုင်ကော်လေဆိပ်သို့ဆင်းသက်စဉ် အကြမ်းဖက်သူများက အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း သိရှိရပါသည်။
၂။ ခရီးသည် ၆၃ ဦး လိုက်ပါလာသော လေယာဉ်ကို ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုသည် အလွန် အန္တရာယ်ကြီးမားသော ပြစ်မှုကြီးဖြစ်ပါသည်။
၃။ အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုများနှင့် ဒုက္ခရောက်စေရန် ကျူးလွန်မှု များကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပြစ်တင်ရှုတ်ချကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး



