မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ သဘောထားထုတ်ပြန်ချက်

 

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊  စနေနေ့


၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် နံနက် ၀၈:၄၅ နာရီခန့်၌ ရန်ကုန်-နေပြည်တော်-လွိုင်ကော်-ရန်ကုန် ခရီးစဉ် ပြေးဆွဲသည့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်အမှတ် XY-AML ၊ လေယာဉ်အမျိုးအစား ATR-72 (600) သည် ခရီးသည် ၆၃ ဦး တင်ဆောင်၍ လွိုင်ကော်လေဆိပ်သို့ ဆင်းသက်ရန် လေယာဉ်ကွင်းသို့ ချဉ်းကပ်ပျံသန်းနေစဉ် အကြမ်းဖက်သမားများက လက်နက် (စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ရာ လေယာဉ်၏ ဘယ်ဘက်ဝမ်းဗိုက်အားထိမှန်ခဲ့ပြီး လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါ လာသည့် ခရီးသည်တစ်ဦး ညာဘက်ပါးတွင် ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ပါသည်။

 


နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်လျက် အပြစ်မဲ့ပြည်သူများအား အမျိုးမျိုး ရန်ရှာကာ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုများနှင့် ယခုဖြစ်စဉ်အပါအဝင် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည့်မည်သည့်  အကြမ်းဖက်အဖွဲ့အစည်းကိုမဆို  မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့