
ရန်ကုန် အောက်တိုဘာ ၁
ဥပဒေရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ သီတာဦး နှင့် ညွှန်ကြားရေးမှူးချုပ်များသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး လမ်းမတော်မြို့နယ်ရှိ ကျောက်တံတားခရိုင်၊ ကမာရွတ် ခရိုင်၊ အလုံခရိုင်၊ မရမ်းကုန်း (ခရိုင်ဥပဒေစုပေါင်းရုံး) ကိုလည်း ကောင်း၊ ဒေါပုံမြို့နယ်ရှိ သင်္ဃန်း ကျွန်းခရိုင် ဥပဒေရုံး၊ ဗိုလ် တထောင်ခရိုင် ဥပဒေရုံး၊ ဒဂုံမြို့ သစ် (ခရိုင်ဥပဒေစုပေါင်းရုံး) တို့ကို လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ကျောက် တံတားမြို့နယ်ရှိ တိုင်းဒေသကြီး ဥပဒေချုပ်ရုံးတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဒုတိယ တိုင်းဒေသကြီး ဥပဒေအရာရှိများ၊ လက်ထောက် တိုင်းဒေသကြီး ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေ အရာရှိများ၊ ဒုတိယခရိုင်ဥပဒေ အရာရှိများနှင့် တွေ့ဆုံပြီး အမှာ စကားပြောကြားသည်။
ထို့နောက် ခရိုင်ဥပဒေအရာရှိ များနှင့် တိုင်းဒေသကြီး ဥပဒေ အရာရှိ ဦးမောင်မောင်တာတို့က တိုင်းဒေသကြီးအတွင်း ဝန်ထမ်း များ၏ ရုံးလုပ်ငန်းဆောင်ရွက်နေ မှုများ၊ ရုံးအဆောက်အဦသစ်များ ဆောက်လုပ်နေမှု၊ ရုံးများတွင် လိုအပ်သည့် အစိတ်အပိုင်းများ ပြင်ဆင် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသ ကြီးဥပဒေချုပ် ဦးဌေးအောင်က လိုအပ်သည်များ ဖြည့်စွက် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ညွှန်ကြားရေး မှူးချုပ်များက လုပ်ငန်းဆောင် ရွက်ရာတွင် လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ လိုအပ်ချက်များကို ဖြည့်ဆည်း ပံ့ပိုးဆောင်ရွက်ပေးမည့် အစီအစဉ် များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေ ချုပ်က ဝန်ထမ်းများ အဂတိ တရားကင်းရှင်းရေး တာဝန်ရှိသူ အဆင့်ဆင့်က ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်သွားရန်နှင့် ပြည်သူ များ၏ အားကိုးယုံကြည်ရသော ဥပဒေအရာရှိများဖြစ်အောင် စိတ် စေတနာအပြည့်ဖြင့် လုပ်ငန်း တာဝန်များကို မှန်ကန်မြန်ဆန် စွာဖြင့် ကျေပွန်စွာဆောင်ရွက် ကြရန်၊ လုပ်ငန်းများကို အချင်း ချင်း ညှိနှိုင်းပေါင်းစပ်၍ လုပ်ကိုင် ကြရန်နှင့် လုံခြုံရေးကို အထူး ဂရုပြု ဆောင်ရွက်ကြရန်မှာကြား ခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)