(၇၅) နှစ်မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

 

ဆေးဝန်ထမ်းတပ်ဖွဲ့သည် လွတ်လပ်ရေးကြိုးပမ်းမှုကာလကတည်းက တပ်မတော်နှင့်အတူ ပေါက်ဖွားလာသည့် တပ်ဖွဲ့တစ်ခုဖြစ် ခေတ်အဆက်ဆက်တွင်လည်း ဆေးတပ်ဖွဲ့ဝင်များသည် တိုင်းပြည်နှင့် လူမျိုးအကျိုး၊ တပ်မတော်၏အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့

 

နေပြည်တော်  အောက်တိုဘာ    ၁


(၇၅) နှစ်မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

 


အဆိုပါ    (၇၅)   နှစ်မြောက်  စိန်ရတု ဆေးတပ်ဖွဲ့နေ့ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ    ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ် ကြီး  မောင်မောင်အေး၊ ကာကွယ်ရေးဦးစီး ချုပ်(ရေ)     ဗိုလ်ချုပ်ကြီး   မိုးအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  တပ်မတော် အရာရှိကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင် ဝင်း၊  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊     ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြို့တော် ဝန်  ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများ၊  အငြိမ်း စား ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် အရာရှိကြီးများ၊  ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များ၊   ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆေးကောင်စီနှင့် မြန်မာနိုင်ငံ ဆေးပညာရှင် များအသင်းတို့မှ ဥက္ကဋ္ဌများ တက်ရောက် ကြသည်။    

 


ဦးစွာ       ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊      စစ်ထောက်ချုပ်   ဒုတိယဗိုလ်ချုပ်ကြီး  ကျော်စွာလင်းနှင့်   တိုင်းမှူး  ဗိုလ်ချုပ် ညွန့်ဝင်းဆွေတို့က (၇၅)နှစ်မြောက် စိန်ရတု ဆေးဝန်ထမ်းတပ်ဖွဲ့နေ့ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ         တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (၇၅)    နှစ်မြောက်   စိန်ရတုဆေးဝန်ထမ်းတပ်ဖွဲ့နေ့ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။   ယင်းနောက်    တက်ရောက်လာကြသူများနှင့်အတူ       စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ဂုဏ်ယူဖွယ်ရာ နေ့ထူး၊ နေ့မြတ်ဖြစ်


ထို့နောက် ဘွဲ့နှင်းသဘင်ခန်းမအတွင်း၌ (၇၅)နှစ်မြောက် စိန်ရတုဆေးဝန်ထမ်း တပ်ဖွဲ့နေ့အထိမ်း အမှတ်အဖြစ်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြု အမှာစကားပြောကြားရာတွင် ယနေ့သည် လွတ်လပ် ရေးကြိုးပမ်းမှုကာလကတည်းက မြန်မာ့တပ်မတော် နှင့်အတူ   ပေါက်ဖွားလာခဲ့ပြီး   သမိုင်းအစဉ်အလာ ကြီးမားစွာ     ရပ်တည်လာခဲ့သည့်   တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့၏   (၇၅)  နှစ်မြောက်  စိန်ရတု ဆေးဝန်ထမ်းတပ်ဖွဲ့နေ့  အခမ်းအနားဖြစ်ကြောင်း၊  စိန်ရတုတိုင်အောင် ခေတ်အဆက်ဆက် ကောင်းမြတ် သည့် အစဉ်အလာများကို လက်ဆင့်ကမ်းထိန်းသိမ်း လာသည့်   ဆေးဝန်ထမ်းတပ်ဖွဲ့အတွက်   အလွန် ဂုဏ်ယူဖွယ်ရာ နေ့ထူး၊ နေ့မြတ်ဖြစ်သည်ဟု ဦးစွာ ပြောကြားလိုကြောင်း။ 

 


အောင်ဆန်း-အက်တလီ စာချုပ်အရ လွတ်လပ် ရေးရရန်  နီးကပ်လာသည့်အချိန်၌ လွတ်လပ်ပြီးစ မြန်မာနိုင်ငံအတွက် ဆေးတပ်ဖွဲ့တစ်ခုကို စနစ်တကျ ဖွဲ့စည်းရန် လိုအပ်လာခဲ့ပါကြောင်း၊ ထို့ကြောင့် ၁၉၄၇ ခုနှစ်၊  အောက်တိုဘာလ  ၁  ရက်နေ့တွင်   မြန်မာ့ တပ်မတော် ဆေးဘက်ညွှန်ကြားရေးမှူးရုံးကို စတင် ဖွဲ့စည်းတည်ထောင်ခဲ့ကြကြောင်း၊ ထိုကဲ့သို့ မြန်မာ နိုင်ငံလွတ်လပ်ရေးရရှိရေး ကြိုးပမ်းခဲ့သည့် မြန်မာ့ တပ်မတော်အတွက်  စတင်ဖွဲ့စည်းခဲ့သည့် ဆေးဘက် ညွှန်ကြားရေးမှူးရုံး ဖွင့်လှစ်သည့်နေ့ကို ဆေးဝန်ထမ်း တပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ခဲ့ပြီး စတင်ဖွဲ့စည်းခဲ့သည့် နေ့မှ စတင်ရေတွက်လိုက်မည်ဆိုပါက ယနေ့သည် နှစ်ပေါင်း  ၇၅  နှစ် တင်းတင်းပြည့်ခဲ့သည့် စိန်ရတု ဆေးဝန်ထမ်းတပ်ဖွဲ့နေ့ ဖြစ်သည့်အတွက် အင်မတန် ဂုဏ်ယူစရာကောင်းသည့် နေ့ထူးနေ့မြတ်ကြီးတစ်ခု ဖြစ်သည်ဟု ပြောရမည်ပင်ဖြစ်ကြောင်း။

 


ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် လွတ်လပ်ရေးကြိုးပမ်းမှုကာလများတွင် စွမ်းစွမ်းတမံ ဆောင်ရွက် ခဲ့ကြသည့်နည်းတူ   လွတ်လပ်ရေးရပြီးကာလများ တွင်လည်း   တိုင်းပြည်တာဝန်ကို  ကျရာကဏ္ဍမှ ထမ်းဆောင်ခဲ့ကြသည်ကို    သမိုင်းတစ်လျှောက် သာဓကများစွာ တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း။

 


တပ်မတော်၏       စစ်ဆင်ရေးများဖြစ်သည့် အင်းစိန်တိုက်ပွဲ၊ တရုတ်ဖြူကျူးကျော်မှုမှစ၍ စစ်ဆင် ရေးများအထိ    တိုက်ပွဲပေါင်း၊   စစ်ဆင်ရေးပေါင်း များစွာ၌လည်း   ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် စွမ်းစွမ်းတမံကျေပွန်စွာ   တာဝန်ထမ်းဆောင်ခဲ့ကြ သည်ကို မြင်တွေ့ခဲ့ကြရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြရာတွင် ဗိုလ်ကြီး သူရမွန်ထော်သက်ညွန့်ကဲ့သို့ တိုင်းပြည် အတွက်   စွန့်လွှတ်စွန့်စား  ဆောင်ရွက်ခဲ့ကြသည့် ထူးချွန်သူပေါင်းများစွာကိုလည်း    ဆေးတပ်ဖွဲ့သမိုင်း တစ်လျှောက်တွင်   များစွာတွေ့မြင်ခဲ့ရပြီး   ဖြစ်ပါကြောင်း။ 

 


ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအနေဖြင့် စစ်မြေပြင် ဆေးအကာအကွယ်ပေးရေး   တာဝန်များသာမက အရာရှိ၊   စစ်သည်များ၊ မိသားစုဝင်များနှင့် ဒေသခံ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကိုလည်း တပ်မတော်ဆေးရုံများတွင် ဆောင်ရွက်ပေး လျက်ရှိသည်ကို တွေ့ရပါကြောင်း။

 


ဆေးရုံသုံးရုံရှိခဲ့ပြီးဖြစ်


တပ်မတော်ဆေးရုံများကို   အဆင့်မြှင့်တင်ခဲ့ရာ တွင် ယခုအချိန်၌ ကျောက်ကပ်အစားထိုး ကုသနိုင် သော ဆေးရုံ  လေးရုံ၊ အသည်းအစားထိုးကုသပေးနိုင် သော ဆေးရုံ တစ်ရုံ၊ နှလုံးသွေးကြောရောဂါရှာဖွေ ခြင်းနှင့် သွေးကြောချဲ့ကုသနိုင်သောဆေးရုံ လေးရုံ၊ နှလုံးခွဲစိတ်ကုသနိုင်သော        ဆေးရုံ    နှစ်ရုံနှင့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသနိုင်သော ဆေးရုံ  သုံးရုံတို့ရှိခဲ့ပြီး   ဖြစ်ပါကြောင်း၊   ထိုကဲ့သို့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်အတွက် ယခုအခါတွင် တပ်မတော်အနေဖြင့် နှလုံးနှင့် ဦးနှောက်ခွဲစိတ်ကုသ ခြင်း၊ နှလုံးသွေးကြောအား Stent ထည့်ကုသခြင်း၊ နှလုံးခုန်နှုန်းထိန်းညှိစက် ထည့်သွင်းခြင်း၊ ကျောက် ကပ်အစားထိုးလဲလှယ်ခြင်း၊  ရင်ခေါင်းခွဲစိတ်ကုသ ခြင်းစသည့်   အဆင့်မြင့်ပြုစုကုသမှုများကို   နိုင်ငံ တကာနည်းတူ   ဆောင်ရွက်လာနိုင်သည်ကိုလည်း ဝမ်းမြောက်ဖွယ်ရာ   မြင်တွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင်    မကြာသေးမီက   မြန်မာ့တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့၏ သမိုင်းမှတ်တိုင်တစ်ခုအနေ ဖြင့် ပထမဆုံးအကြိမ် အသည်းအစားထိုးကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရ သည့်အတွက် လွန်စွာဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်ပြောကြားလိုပါကြောင်း။

 


ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး


ထိုကဲ့သို့    ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ယခုအခါတွင်    ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်ပါက တပ်မတော်အနေဖြင့် လက်လှမ်းမမီ သည့်ဒေသ၊ လက်လှမ်းမမီသည့် ကုသမှုအမျိုးအစား များ  မရှိသလောက်ဖြစ်နေပြီဟု   ဆိုရမည်ဖြစ်ပါ ကြောင်း၊    ထိုကဲ့သို့   ဆောင်ရွက်နိုင်ခြင်းသည် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းအားထုတ်မှု၊ လက်ဆင့်ကမ်းပညာအမွေများ     ပေးခဲ့ကြသည့် ဆေးပညာရှင်ကြီးများ၏   ကျေးဇူးများကြောင့်ပင် ဖြစ်ပါကြောင်း၊    ထို့အတွက်   ဂုဏ်ယူဝမ်းမြောက် ကျေးဇူးတင်ရှိပါကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့အနေ ဖြင့် ထိုကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး အတွက်   လိုအပ်သည့်   ဆရာဝန်၊  သူနာပြုများကို မွေးထုတ်နိုင်ရေးကိုလည်း     လွတ်လပ်ရေးရပြီးစ ကာလကပင် ကြိုးပမ်းခဲ့သည်ကို တွေ့ရပါကြောင်း၊ အထင်ရှားဆုံးမှာ တပ်မတော်တစ်ရပ်လုံး၌ရှိသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၏ လေ့ကျင့်သင်ကြားမှု များကို ဆောင်ရွက်နိုင်ရေးအတွက် ၁၉၅၂ ခုနှစ်တွင် ဆေးဘက်ဌာနချုပ်နှင့် လေ့ကျင့်ရေးတပ်ကို ဖွင့်လှစ် ပေးနိုင်ခဲ့ပါကြောင်း၊ ထိုတပ်သည် နောင်အခါတွင် ဗဟိုဆေးတပ်အမည်ဖြင့် တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေးကို နှစ်ပေါင်းများစွာ ဆောင်ရွက်ပေးခဲ့ပြီး  ၂၀၁၅  ခုနှစ်၌   တပ်မတော် ဆေးဘက်ဆိုင်ရာ     ပညာသင်ကျောင်းအနေဖြင့် ပြောင်းလဲဖွဲ့စည်းပေးခဲ့ပြီး ဖြစ်သည်ကို တွေ့ရမည် ဖြစ်ပါကြောင်း။

 


တပ်မတော်အတွက်  လိုအပ်သည့် ဆရာဝန်နှင့် သူနာပြုများကို     မွေးထုတ်ပေးနိုင်ရေးကိုလည်း ဆေးဝန်ထမ်းတပ်ဖွဲ့သည်    ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို  တွေ့ရှိရပါကြောင်း၊ စစ်ပညာသာမက       ဆေးသိပ္ပံပညာများကိုပါ ကျွမ်းကျင်သည့် စစ်သူနာပြုများကို မွေးထုတ်နိုင်ရေး အတွက် စစ်သူနာပြုသင်တန်းတပ်ဆွယ် (Nurses Training Wing) ကို ၁၉၅၉ ခုနှစ်၌ အမှတ်စဉ် ၁ ဖွင့်လှစ်ခဲ့ပြီး စုစုပေါင်း အမှတ်စဉ် ၁၆ အထိ ဖွင့်လှစ် နိုင်ခဲ့သည်ကိုလည်း   တွေ့ရပါကြောင်း၊  အလားတူ ဆေးဝန်ထမ်းတပ်ဖွဲ့အတွက် လိုအပ်သည့် ဆရာဝန် များကိုရရှိနိုင်ရေး     ပြည်သူ့စစ်မှုထမ်း(ဆေးမှူး)ဆရာဝန် {National Service (Medical Officer)}သင်တန်းကိုလည်း   ဖွင့်လှစ်ခဲ့သည်ကို   တွေ့ရပါ ကြောင်း၊ ထိုကဲ့သို့ နည်းလမ်းမျိုးစုံဖြင့် လူ့စွမ်းအား အရင်းအမြစ်များကို   ဖြည့်ဆည်းပေးလျက်ရှိရာမှ ၁၉၉၀    ပြည့်နှစ်    နောက်ပိုင်း၌   တပ်မတော် ဆေးတက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ်တို့ကို     အဆင့်ဆင့်ဖွင့်လှစ်ပြီး ဆေးဝန်ထမ်းတပ်ဖွဲ့အတွက် မျိုးဆက်သစ်လူငယ် များကို ပြုစုပျိုးထောင်ပေးနိုင်ပြီဖြစ်ပါကြောင်း။

 


များစွာအထောက်အကူပြု


ထိုကဲ့သို့     လူငယ်မျိုးဆက်သစ်များကို   ပြုစု ပျိုးထောင်ပေးနိုင်ခြင်းသည်    ခေတ်မီတပ်မတော် (Standard   Army)   တည်ဆောက်ရေးအတွက် အရေးကြီးဆုံးဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်အောင်      ဆောင်ရွက်ပေးနိုင်ခြင်း ဖြစ်သကဲ့သို့    ပြည်သူလူထု၏  ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို  ဆောင်ရွက်သည့်နေရာ၌ လည်း  များစွာအထောက်အကူပြုလျက်ရှိသည်ဟုလည်း ဆိုရမည်ဖြစ်ကြောင်း၊ ထို့အပြင် တပ်မတော် ဆေးတက္ကသိုလ်နှင့်      တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်များမှ မွေးထုတ်ပေးလိုက် သည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် ဆေးဝန်ထမ်း တပ်ဖွဲ့၏    အနာဂတ်တာဝန်များကို   ပခုံးပြောင်း ထမ်းဆောင်သွားကြမည့်သူများ ဖြစ်သည်ကိုလည်း အလေးအနက်ထား ယုံကြည်ပါကြောင်း။

 


ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအနေဖြင့်   ပြည်သူ လူထုအပါအဝင် တပ်မတော်သားများနှင့် မိသားစုဝင် များကို ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်အခါတွင်    သာမန်အချိန်များ၌သာမက   သဘာဝဘေး အန္တရာယ်ကျရောက်သည့်       အချိန်များ၌လည်း ရှေ့တန်းမှ    ပါဝင်ခဲ့ကြသည်ကို   တွေ့ရမည်ဖြစ်ပါ ကြောင်း၊ အထူးသဖြင့် နာဂစ်နှင့် ဂီရိဆိုင်ကလုန်း မုန်တိုင်း   တိုက်ခတ်ပြီးသည့်နောက်  ပြည်သူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ၊   တာလေငလျင်နှင့် မိုးသည်းထန်မှုကြောင့် ရေဘေးကြုံတွေ့ ရသည့် ဒေသခံများကိုလည်း ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် များသည်  “စေတနာ  အကြင်နာ  ဘေးကင်းကွာ” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှု၊ ရောဂါကာကွယ်မှုတို့ကို    ဆောင်ရွက်ပေးနိုင်ခဲ့ကြ ပါကြောင်း။

 


ဆေးဝန်ထမ်းတပ်ဖွဲ့၏   ထူးခြားချက်တစ်ခုမှာ စစ်ဆင်ရေးနယ်မြေသို့ရောက်သည့် အခါတိုင်းတွင် ဒေသအတွင်းရှိ    ပြည်သူလူထု၏   ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို    ကိုယ်ကျိုးမဖက် ဆောင်ရွက်ပေးခဲ့ခြင်းပင်ဖြစ်ပါကြောင်း၊ ဆေးဝန်ထမ်း တပ်ဖွဲ့အနေဖြင့်   ဆေးရုံ၊  ဆေးတပ်ရင်းများတွင် ဒေသခံပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့်နည်းတူ     နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုကို ပြည့်စုံလုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်အတွက် နယ်လှည့် ဆေးကုသမှုလုပ်ငန်းများကိုလည်း  ၂၀၁၀  ပြည့်နှစ် နောက်ပိုင်းတွင်   တိုးမြှင့်ပြီး   အင်တိုက်အားတိုက် ဆောင်ရွက်လာခဲ့ပါကြောင်း။

 


တပ်မတော် ဆေးရုံ/ ဆေးတပ် ၆၇ ခုနှင့် ကိုဗစ် ကုသမှု စင်တာ ၅၄ ခုတို့ကို ဖွင့်လှစ်ပြီး ပြည်သူလူထု ကိုလည်း ကုသမှုများပေးနိုင်ခဲ့သည်ကို တွေ့ရှိရပါ ကြောင်း၊   ထိုသို့   ကုသပေးခဲ့ရာတွင်  ၂၀၂၂  ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့အထိ ကိုဗစ်အတည်ပြု လူနာ သံဃာတော် ၁,၅၀၅ ပါး၊ သီလရှင် ၁၀၈ ပါး၊ အရပ်သား ၁၆,၀၅၄ ဦး နှင့် နိုင်ငံခြားသား ၁၃၅ ဦး၊ စုစုပေါင်း ၁၇,၈၀၂ ဦးကို ပြုစုစောင့်ရှောက်မှုပေးနိုင် ခဲ့သည်ကို    တွေ့ရမည်ဖြစ်ကြောင်း၊   ကျန်းမာရေး ဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများ၏ လိုအပ် ချက်အရ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကို လွှဲပြောင်း တာဝန်ပေးနိုင်ခဲ့သည်ကိုလည်း ဂုဏ်ယူဝမ်းမြောက် ဖွယ်ရာ တွေ့ရှိရပါကြောင်း။

 


နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေး


ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့်     တပ်ဖွဲ့အတွင်း ပညာရပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် လျက်ရှိသည့်နည်းတူ နိုင်ငံတကာနှင့် ပူးပေါင်းဆောင် ရွက်ပြီး   ပညာရပ်ပိုင်းဆိုင်ရာ  အတွေ့အကြုံများ၊ နည်းပညာများ မြင့်မားလာစေရေး ဆောင်ရွက်လျက် ရှိသည်ကိုလည်း တွေ့ရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်သည့်အခါတွင်    အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်  အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ထို့အပြင် အပြည် ပြည်ဆိုင်ရာ စစ်ဘက်ဆေးတက္ကသိုလ်များညီလာခံ (International Conference of Military Medical Schools - ICMMS)  နှင့်      နိုင်ငံတကာစစ်ဘက် ဆေးပညာဆိုင်ရာကော်မတီ     (International Committee   of    Military   Medicine - ICMM) များသို့လည်း တက်ရောက်ပြီး နိုင်ငံတကာရှိ စစ်ဘက် ဆေးပညာ ဖွံ့ဖြိုးတိုးတက်မှုများနှင့် စဉ်ဆက်မပြတ် ရေး ရည်မှန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ကို လည်း မြင်တွေ့ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ တွင်ရှိသည့် ဆေးတပ်ဖွဲ့များနှင့် ချစ်ကြည်ရင်းနှီးမှုများ ရရှိလာစေရန်အတွက် ရုရှားနိုင်ငံတွင် နှစ်စဉ်ကျင်းပ လျက်ရှိသည့်   ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲများကို လည်း ၂၀၁၈  ခုနှစ်မှစပြီး ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိသည်ကို တွေ့ရကြောင်း၊ လတ်တလောအနေဖြင့် ၂၀၂၂   ခုနှစ်၊   ရုရှားနိုင်ငံတွင်  ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာအားကစားပြိုင်ပွဲ (International Army Game) တွင် ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲ (Medical Rally) အသင်းအနေဖြင့် ပြိုင်ပွဲဝင်အသင်း ၁၆ သင်း ရှိသည့်အနက် အဆင့်(၄)နေရာရရှိအောင် စွမ်းဆောင် နိုင်ခဲ့ပြီး    နိုင်ငံ့ဂုဏ်ကို   မြှင့်တင်ပေးနိုင်ခဲ့သည်ကို တွေ့မြင်ကြရမည် ဖြစ်ပါကြောင်း။
“ကျန်းမာကြံ့ခိုင်    တိုက်နိုင်ရန်”   ဟူသည့် ဆေးတပ်ဖွဲ့၏   ဆောင်ပုဒ်နှင့်အညီ   ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များသည်    တပ်မတော်သားများ  အစဉ် ထာဝရကြံ့ခိုင်ပြီး တိုက်စွမ်းရည်များ ပြည့်ဝနေစေရန် ဆောင်ရွက်ကြရသည့်    တပ်ဖွဲ့တစ်ခုပင်ဖြစ်ပါ ကြောင်း၊ တပ်မတော်သားများအပြင် မိသားစုဝင် များကို နေရာဒေသမရွေး၊ အချိန်အခါမရွေး၊ အဆင့် အတန်းမရွေး ပြည့်စုံလုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှုပေးရန်    တာဝန်လည်းရှိသည်ဟု  ပြောလိုပါကြောင်း၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ ဝင်များသည် (၇၅)နှစ်တာကာလအတွင်း တပ်မတော် တွင်  စွမ်းစွမ်းတမံ  ဆောင်ရွက်ခဲ့ကြသည့်အတွက် တပ်မတော်ရွှေရတုတံဆိပ်ရရှိခဲ့သူ ၇၇၂ ဦး၊ တပ်မတော် စိန်ရတုတံဆိပ်ရရှိခဲ့သူ ၂,၆၀၃ ဦး ရှိခဲ့သည်ကို တွေ့ရှိ ရပါကြောင်း၊ ထို့အပြင် ဆေးဝန်ထမ်းတပ်ဖွဲ့အတွင်း နိုင်ငံ့ဂုဏ်ရည်ဘွဲ့၊ လွတ်လပ်ရေး မော်ကွန်းဝင်တံဆိပ်၊ စည်သူဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့ နှင့် သိပ္ပကျော်စွာဘွဲ့များ အပါအဝင် နိုင်ငံတော်အဆင့် ထူးချွန်ဘွဲ့တံဆိပ်ရရှိခဲ့သူပေါင်း   ၁၅၂  ဦး ရှိခဲ့သည် ကိုလည်း လေ့လာတွေ့ရှိရပါကြောင်း။ 

 


ထို့ကြောင့် နိုင်ငံတော်၏  လိုအပ်သည့်  အချိန် တိုင်းတွင်လည်းကောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏   ကျန်းမာရေးစောင့်ရှောက်မှု၊ ကာကွယ်ကုသမှုများကို  ဆောင်ရွက်ရာတွင်လည်း ကောင်း၊  ၇၅  နှစ်တာကာလအတွင်း စွမ်းစွမ်းတမံ ထမ်းရွက်ခဲ့ကြသည့်အတွက် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ဆေးမှူး၊   ပါရဂူများနှင့်  သူနာပြုများအားလုံးကို ဂုဏ်ပြုအသိအမှတ်ပြုပါကြောင်းကို  အလေးထား ပြောကြားလိုကြောင်း။

 


 စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့


မြန်မာ့တပ်မတော်၏ ဆေးဝန်ထမ်းတပ်ဖွဲ့သည် လွတ်လပ်ရေးကြိုးပမ်းမှု     ကာလကတည်းက တပ်မတော်နှင့်အတူ  ပေါက်ဖွားလာသည့်  တပ်ဖွဲ့ တစ်ခုဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက်တွင်လည်း ဆေးတပ်ဖွဲ့ဝင်များသည် တိုင်းပြည်နှင့် လူမျိုးအကျိုး၊ တပ်မတော်၏အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက် ခဲ့ကြပြီးဖြစ်ကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့အတွင်း၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့်သူများသည် ပေးအပ် လာသည့် တာဝန်များကို  ဦးလည်မသုန်  ထမ်းရွက် နိုင်ခဲ့ကြသည်ကိုလည်း (၇၅) နှစ်တာကာလအတွင်း၌ အကြိမ်ကြိမ် သက်သေပြခဲ့ပြီးဖြစ်ကြောင်း။

 


ရှေ့ဆက်၍လည်း ယင်းအစဉ်အလာကောင်းများ ကို နောင်လာနောက်သားတို့အား လက်ဆင့်ကမ်း နိုင်ရေး ကြိုးပမ်းကြပြီး စိန်ရတုကာလ ပြည့်မြောက် ခဲ့သည့်   တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် မာကျောကျစ်လှစ်ခိုင်မာပြီး         တန်ဖိုးရှိသည့် ဆေးဝန်ထမ်းတပ်ဖွဲ့အဖြစ် ထိန်းသိမ်းကာ ပြည်သူ များ၏   ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများကို   ယခုထက်မက ပိုမိုဆောင်ရွက်နိုင်ကြပါစေကြောင်းနှင့် ဆေးဝန်ထမ်း တပ်ဖွဲ့ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်မှ သည်    နောင်နှစ်ပေါင်းများစွာတိုင်အောင်  တည်တံ့  ပါစေရန်   ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။ 

 


ယင်းနောက်   ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်က ဆေးဝန်ထမ်း တပ်ဖွဲ့သမိုင်း အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြပြီး (၇၅)နှစ်မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့  အထိမ်းအမှတ် မှတ်တမ်း Documentary Video ကို ပြသသည်။ ထို့နောက် (၇၅)နှစ်မြောက်   စိန်ရတုဆေးတပ်ဖွဲ့နေ့  ဂုဏ်ပြု သီချင်းဖြင့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များက ဖျော်ဖြေ တင်ဆက်သည်။  ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ထံ    ဆေးဝန်ထမ်းညွှန်ကြားရေးမှူးက  (၇၅)နှစ်မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့ အထိမ်းအမှတ် လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။ 

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ        တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တက်ရောက်လာကြသည့် အငြိမ်းစားဆေးဝန်ထမ်း တပ်ဖွဲ့ဝင်    အရာရှိကြီးများအား   ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားပြီး တက်ရောက်လာကြ သူများနှင့်အတူ (၇၅)နှစ်မြောက် စိန်ရတုဆေးတပ်ဖွဲ့ နေ့ အထိမ်းအမှတ်ပြခန်းအတွင်း လှည့်လည်ကြည့်ရှု လေ့လာကြသည်။
ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် (၇၅)နှစ်မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့         အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်သည့်    အမှတ်  (၁)   တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ အဆင့်မြင့် (၈)ထပ် ဆေးရုံအဆောက် အဦသစ်၊ အထူးကုသမှုစင်တာဖွင့်ပွဲသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက     ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အထူးကုသမှု စင်တာအဆောက်အဦသစ် အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး     သက်ပုံ၊    စစ်ထောက်ချုပ်  ဒုတိယ ဗိုလ်ချုပ်ကြီး   ကျော်စွာလင်းနှင့်  တိုင်းမှူး  ဗိုလ်ချုပ် ညွန့်ဝင်းဆွေတို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ      တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အထူးကုသမှုစင်တာ ဆိုင်းဘုတ်ကို  စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး  ဧည့်သည်တော်များနှင့်အတူ ကမ္ပည်း မော်ကွန်းအား  အမွှေးနံ့သာရည်များ  ပက်ဖျန်းပေး သည်။ ထို့နောက် တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်ပြီး      အစည်းအဝေးခန်းမတွင် အဆင့်မြင့်    (၈)ထပ်ဆေးရုံ  အဆောက်အဦသစ်၊ အထူးကုသမှုစင်တာ      တည်ဆောက်ရခြင်းနှင့် ပတ်သက်၍   အမှတ်(၁)  တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)  တပ်မှူးက  ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြမှုနှင့်   ပတ်သက်၍   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆေးရုံရေရှည်တည်တံ့ ကောင်းမွန်စေရန်၊      ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ      ဆောင်ရွက်နိုင်ရေး    စနစ်တကျ အသုံးပြုရန်နှင့် ထိန်းသိမ်းဆောင်ရွက်ရန် လိုကြောင်း၊ ဆေးရုံပတ်ဝန်းကျင်  သန့်ရှင်းသာယာလှပရေးနှင့် လေဝင်လေထွက်များ ကောင်းမွန်အောင် ဆောင်ရွက် ရန်   လိုအပ်သကဲ့သို့     စွန့်ပစ်ပစ္စည်းများကိုလည်း  စနစ်တကျ စွန့်ပစ်ရန်လိုကြောင်း၊ လူနာများအတွက် အသုံးပြုသည့်   အသုံးအဆောင်ပစ္စည်းများ  အမြဲ ကောင်းမွန်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ လူနာများ ကို စနစ်တကျကျွေးမွေးရန်လိုသကဲ့သို့ တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများ၏ နေထိုင်စားသောက်ရေး ကို    အဆင်ပြေချောမွေ့စွာ    ဆောင်ရွက်ပေးရန် လိုကြောင်း လမ်းညွှန်မှာကြားသည်။

 


ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ         တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသည့်  ဧည့်သည်တော်ကြီးများ အား ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေး မှူးက   အထူးကုသမှုစင်တာ  ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းကို   ပေးအပ်သည်။  ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အထူး ကုသမှုစင်တာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ယနေ့ကျရောက်သည့်    (၇၅)   နှစ်မြောက်  စိန်ရတု ဆေးဝန်ထမ်းတပ်ဖွဲ့နေ့အား   ဂုဏ်ပြုကြိုဆိုသော အားဖြင့် စက်တင်ဘာ ၂၇ ရက်နှင့်  ၂၈  ရက်တွင် တပ်မတော်၌ ပထမဆုံးအကြိမ်အဖြစ် အသည်းအစား ထိုး ခွဲစိတ်ကုသမှုခံယူခဲ့သည့် လူနာများကို ကြည့်ရှု၍ အဆိုပါ အသည်းအစားထိုး    ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြသည့် တပ်မတော်မှ ပါရဂူကြီးများနှင့် ဆေးမှူးများအတွက် ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်