တောင်ကိုရီးယားဆေးဝါးစက်ရုံ ပေါက်ကွဲမီးလောင်၊ တစ်ဦးသေဆုံးပြီး လေးဦးအပြင်းအထန်ဒဏ်ရာရ

 

ဆိုးလ်   စက်တင်ဘာ   ၃၀ 


တောင်ကိုရီးယား  ဆေးဝါးစက်ရုံ တစ်ရုံ၌        မီးလောင်ခဲ့ရာ လူတစ်ဦး  သေဆုံးခဲ့ပြီး   လေးဦး အပြင်းအထန်      ဒဏ်ရာရရှိခဲ့ ကြောင်း        ယွန်ဟပ်သတင်း အေဂျင်စီက    စက်တင်ဘာ ၃၀ ရက်က ဖော်ပြလိုက်သည်။ 

 


မြို့တော် ဆိုးလ်တောင်ဘက် ကီလိုမီတာ   ၅၀   ကွာဝေးသည့် ဟွာဆောင်းဒေသရှိ ဆေးဝါးစက်ရုံ ၌ ဒေသစံတော်ချိန်  မွန်းလွဲ ၂ နာရီ ၂၂ မိနစ်တွင်    ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ 

 


အဆိုပါ   ပေါက်ကွဲမှုကြောင့် မီးလောင်မှုကြီး       ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကာ    လေးဦး အပြင်းအထန်   ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။     တခြား ၁၀ ဦးမှာ ဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်။ 

 


ငါးထပ်   အဆောက်အအုံ၏ တတိယထပ်တွင်    ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။   မီးသတ် အာဏာပိုင်များသည်  မီးလောင်မှု ကို ငြှိမ်းသတ်ရန်   မီးသတ်သမား ၁၀၀ ကျော်၊  မီးသတ်ကား ၁၀ စီး အသုံးပြုခဲ့သည်။   မီးလောင်မှုကို      ဒေသစံတော်ချိန်    ညနေ ၅ နာရီ ဝန်းကျင်တွင်     ငြှိမ်းသတ်နိုင်ခဲ့ သည်။             

ဆင်ဟွာ