KNPP နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများ စီးနင်းလိုက်ပါလာသည့် အရပ်ဘက်လေယာဉ်တစ်စင်း လွိုင်ကော်လေဆိပ်သို့ ဆင်းသက်စဉ် ရက်စက်ရိုင်းစိုင်းယုတ်မာစွာဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်

 

နေပြည်တော်  စက်တင်ဘာ   ၃၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ် ချမှတ်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် စေရေး စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိသည့်အပြင် ထာဝရ ငြိမ်းချမ်းရေးရရှိစေရန် ရည်ရွယ်၍ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး မှုများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 


သို့သော် ကယားပြည်နယ်အတွင်းရှိ KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက    နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက်  စစ်ရေးနှင့် မသက်ဆိုင်သည့်  အများ ပြည်သူများကို    မကြာခဏ   ချောင်းမြောင်းပစ်ခတ်ခြင်းနှင့် ဖောက်ခွဲဖျက်ဆီးမှုများကို ပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်း တွင် ခရီးစဉ်အမှတ် UB – 149   ဖြင့်   ရန်ကုန်- နေပြည်တော် - လွိုင်ကော်- ရန်ကုန် ခရီးစဉ်အဖြစ် ပြေးဆွဲသည့်   မြန်မာအမျိုးသား   လေကြောင်း လိုင်း  (MNA)  မှ  လေယာဉ်အမှတ်  XY-AML ၊  လေယာဉ်အမျိုးအစား ATR-72(600) သည်   ခရီးသည် ၆၃  ဦး  တင်ဆောင်၍    လွိုင်ကော် လေဆိပ်သို့ ၈ နာရီ ၄၅ မိနစ်ခန့်၌  ဆင်းသက်ရန် လေယာဉ်ဆင်းသက် ခြင်း   လုပ်ငန်းစဉ်များအတိုင်း  လေယာဉ်ကွင်းသို့     ချဉ်းကပ် ပျံသန်းစဉ်   KNPP  နှင့်  PDF အမည်ခံ အကြမ်းဖက်သမားများ က    လူမဆန်စွာ  ရက်စက်ရိုင်းစိုင်း ယုတ်မာစွာဖြင့်     လက်နက် (စိစစ်ဆဲ)  ဖြင့်    ပစ်ခတ်ခဲ့ရာ   လေယာဉ်၏ ဘယ်ဘက်ဝမ်းဗိုက် အား ထိမှန်ခဲ့ပြီး လေယာဉ်ပေါ်တွင်  စီးနင်းလိုက်ပါ လာသည့် ခရီးသည် တစ်ဦး၏    ညာဘက်ပါးတွင်  ကျည်ထိမှန်ဖောက်ဝင်   ဒဏ်ရာ ရရှိခဲ့သည်။

 


အဆိုပါ   ဒဏ်ရာရရှိခဲ့သည့် ခရီးသည်ကို   လွိုင်ကော်ပြည်သူ့ ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူစေလျက်ရှိပြီး    ဖြစ်စဉ် ဖြစ်ပွားခဲ့သည့်   နေရာတစ်ဝိုက် အား  လုံခြုံရေးတပ်ဖွဲ့ဝင်များက  လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။      

 

သတင်းစဉ်