ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများက သီးနှံသားငါးများကို နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံးများသို့ လှည့်လည်ရောင်းချပေးလျက်ရှိ

 

နေပြည်တော်   စက်တင်ဘာ  ၃၀


စိုက်ပျိုးရေး၊   မွေးမြူရေးနှင့်   ဆည်မြောင်း ဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်သူများက ကျန်းမာရေးနှင့် ညီညွတ် ပြီး  အာဟာရဖြစ်စေသည့်        သီးနှံသားငါးများကို     နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံးများသို့  ရွေ့လျားဈေးရောင်းယာဉ်ဖြင့်     လှည့်လည် ရောင်းချပေးလျက်ရှိရာ ယနေ့ညနေပိုင်းက ကျန်းမာရေးဝန်ကြီးဌာန   ရုံးအမှတ်(၄)သို့  သွားရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။ 

 


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်   ဆည်မြောင်း ဝန်ကြီးဌာန၏ သုတေသနခြံများ၊ နည်းပညာ ပေးလုပ်ငန်းအတွက် စံနမူနာပြစိုက်ခင်းများမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ များ၊    ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများမှ ထွက်ရှိသည့်  အခြေခံစားသောက်ကုန်များ၊ ခြံထွက် ကြက်ဥ၊ ဘဲဥ၊ ကြက်သား၊ ပျားရည်၊ နို့ထွက်ပစ္စည်းများ၊ ငါး၊ ငါးပိ၊  ငါးခြောက်များကို လည်း   နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ စီစဉ်သတ်မှတ်ပေးသည့် မြို့မဈေး ကားရပ်နားကွင်း မြေကွက်လပ်တွင် ရုံးဝန်ထမ်း များ၊ နေပြည်တော်နေပြည်သူများအား ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးခြင်းကြောင့် ဝယ်ယူ သူများပြားလျက်ရှိကြောင်း သိရသည်။

 


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏စီစဉ်မှုဖြင့်  ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများမှ ရောင်းချပေးခြင်းကြောင့် သန့်ရှင်း လတ်ဆတ်မှုရှိခြင်း၊‌ ဈေးနှုန်းချိုသာ ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်မှုရှိခြင်းများ ကြောင့် စားသုံးသူဝန်ထမ်းများ၊  ပြည်သူများ အနေဖြင့်  ဝယ်ယူသုံးစွဲရေး အဆင်ပြေလျက် ရှိကြကြောင်း သိရသည်။  
 

သတင်းစဉ်