ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

 

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ၊
 အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) 
ဒုတိယဥက္ကဋ္ဌ (၂) တို့ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   စက်တင်ဘာ   ၃၀


နိုင်ငံတော်၏  ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့သည် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုး သားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP) တို့နှင့် ယနေ့ နံနက်ပိုင်း တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုဗဟိုဌာန၌ စတုတ္ထနေ့အဖြစ် တွေ့ဆုံ ဆွေးနွေးသည်။ ထိုသို့ဆွေးနွေးရာတွင်   “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ  ဦးလော့ယာကု ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို လည်းကောင်း၊  အမျိုးသားဒီမိုကရက်တစ်မဟာမိတ် အဖွဲ့(NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကိုလည်းကောင်း၊ ရှမ်းပြည်တိုး တက်ရေးပါတီ (SSPP) အဖွဲ့ကိုလည်းကောင်း တစ်ဖွဲ့ ချင်း သီးခြားစီလက်ခံတွေ့ဆုံဆွေးနွေးခဲ့ပြီး ပညာရေး၊ ကျန်းမာရေး  ဖြည့်ဆည်းဆောင်ရွက်ပေးရန်  လိုအပ် ချက်များနှင့်  ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို  အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 

 


ဆက်လက်၍  နိုင်ငံတော်၏  ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်  “ဝ”  ပြည်သွေးစည်းညီညွတ်ရေး ပါတီ(UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် အဖွဲ့(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့သည် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌  စတုတ္ထနေ့  ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆက်လက်ကျင်းပသည်။

 


တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီး ဌာန    ပြည်ထောင်စုဝန်ကြီး၊   အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင် များဖြစ်ကြသည့်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှု   ညှိနှိုင်းရေးကော်မတီ    အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့်     ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ ဗိုလ်မှူးကြီး ဝဏ္ဏအောင်နှင့်   “ဝ”   ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာ ကု၊ နိုင်ငံရေးဌာနကြီးမှူး ဦးအိုက်နပ်လိုင်း၊ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ အထွေထွေအတွင်းရေးမှူး  ဦးကြည်မြင့်၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်၊   အတွင်းရေးမှူး  (၂)  စဝ်စိုင်းဆုတို့ တက်ရောက်ကြသည်။

 


တွေ့ဆုံဆွေးနွေးပွဲတွင်  ၄  ရက်တာ  ဆွေးနွေး ညှိနှိုင်းချက်များအရ   နှစ်ဖက်သဘောထားများကို ထပ်မံဆွေးနွေးကြပြီး     အပြီးသတ်ရရှိလာသည့်  သဘောတူညီချက်များကို    အတည်ပြုလက်မှတ် ရေးထိုးခဲ့ကြသည်။ 

 


ယင်းနောက် “ဝ” ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ   ဦးလော့ယာကုက တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကိုယ်စား နိဂုံးချုပ်စကား ပြောကြား သည်။ ဆက်လက်၍ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံး ချုပ် အမှာစကားပြောကြားပြီး ပြန်ကြားရေးဝန်ကြီး ဌာနမှ   ထုတ်ဝေသည့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  နိုင်ငံအကျိုး    သယ်ပိုးဆောင်ရွက်ချက် မှတ်တမ်းစာအုပ်နှင့်  စာအုပ်စာစောင်များ၊  MRTV DTH Receiver ၊ နှစ်ပေစလောင်းနှင့် လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်