အာဖဂန်နစ္စတန်၌ ငွေကြေးတည်ငြိမ်စေရေးအတွက် ဗဟိုဘဏ်က ကန်ဒေါ်လာ ၁၂ သန်း ရောင်းချပေး

 

အာဖဂန်နစ္စတန်၌ ငွေကြေးတည်ငြိမ်စေရေးအတွက် အမေရိကန်ဒေါ်လာ ၁၂ သန်းကို လေလံတင်ရောင်းချခဲ့ကြောင်း အာဖဂန်နစ္စတန် ဗဟိုဘဏ် (DAB) က ပြောကြားသည်။

 


နိုင်ငံခြားငွေကြေးလဲလှယ်ရေးဈေးကွက်များအတွင်း  အထူးသဖြင့် အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာတွင် အာဖဂန်ငွေကြေးမှာ အလွန် အမင်း ဈေးနှုန်းကျဆင်းနေသည့်ကြားမှ ယခုလို ဗဟိုဘဏ်၏ ဆုံးဖြတ် ချက်   ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း   နိုင်ငံတကာသတင်းများအရ သိရသည်။ 

 


ယခုလဆန်းပိုင်းက အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် အာဖဂန် ငွေ ၈၈ ရှိခဲ့ရာ   စက်တင်ဘာ  ၂၀  ရက်တွင်မူ  ၈၈ ဒသမ ၇၇ အထိ မြင့်တက်လာခဲ့သည်ဟု စောင့်ကြည့်သူများက  ဆိုထားပြီး ဗဟိုဘဏ်က အလားတူ ဆောင်ရွက်မှုမျိုးအဖြစ် လွန်ခဲ့သော သီတင်းပတ်နှစ်ပတ်က လည်း အမေရိကန်ဒေါ်လာ ၁၂ သန်းကို လေလံတင်ရောင်းချထားခဲ့ ဖူးသည်။

 


သို့ရာတွင်   စစ်မက်ဒဏ်ခံစားနေရသော   အာဖဂန်နစ္စတန်နိုင်ငံရှိ ပြည်သူများအတွက်    အလုပ်အကိုင်များ   ဖန်တီးရန်   ဒေသတွင်းနှင့် နိုင်ငံခြား ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုမပြုပါက အာဖဂန်ငွေကြေးနှင့် နိုင်ငံခြားငွေကြေး လဲလှယ်ရာတွင် တန်ဖိုးဆက်လက်ကျဆင်းနိုင်မည်ဟု လေ့လာသူများက ခန့်မှန်းနေကြသည်။ 
 

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။   ခင်ရတနာ စုစည်းဖော်ပြသည်၊၊