
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ကုန်ပစ္စည်းများနှင့် စက်မှု ကုန်ချောပစ္စည်းများကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ပို့လျက်ရှိသည်။ လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်သို့ လယ်ယာထွက်ကုန်ပစ္စည်းများဖြစ် သည့် ကွမ်းသီး၊ အုန်းသီးခြောက်၊ ချင်း(အစို)၊ ဆီးဖတ်၊ မန်ကျည်းဖတ်၊ မန်ကျည်းစေ့၊ နနွင်းတက်၊ စစ်တုံဥ၊ ငရုတ်သီးခြောက်၊ ကြက်သွန်နီ၊ ဆီးသီးခြောက်၊ တညင်းသီးတို့ကို နယ်စပ်မှတစ်ဆင့် တင်ပို့ခဲ့သည်။
၎င်းကုန်ပစ္စည်းများအပြင် ယခုနှစ်၊ စက်တင်ဘာလအတွင်း မြန်မာ့အဓိက ပို့ကုန်ဖြစ်သည့် ဧည့်မထဆန်ဖြူ (၅% ဆန်ကွဲ) ကို ဘင်္ဂလားဒေ့ရှ်ဘက်မှ ဝယ်လိုအားရှိလာခဲ့ပြီး တန်ချိန်စုစုပေါင်း ၉၅၀ ကို တစ်တန်လျှင် ၃၉၅ ဒေါ်လာဖြင့် စစ်တွေ၊ ရွှေမင်းဂံ ဆိပ်ကမ်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တင်သွင်းသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။